part(2)

1.5K 100 4
                                    

(21)နှစ်ခန့်ကြာသော်အခါ~~~

'ဟုန်ချန်း'၌ဖြစ်လေသည်

"မင်းသားလေး "

"မင်းသားလေး"

" မင်းသားလေးကိုရှာမ တွေ့ဘူး ဘယ်လိုလုပ်မလဲ "

"မမအားလီ မင်းသားလေးကိုရှာမတွေ့ဘူး ဘယ်လိုလုပ်ကျမလဲ မွေးနေ့ပွဲက မကြာခင်စ တော့မယ်လေ"

"ငါရူးချင်လာပြီ မင်းသားလေးက ဘယ်များရောက်နေပါလိမ့်"

"မွေးနေ့ပွဲအမှီမ တွေ့ရင်အရှင် အမြတ်တော်ရှတာခံရ တော့မယ် ဘယ်လိုလုပ်ရပါ့မလဲ မဖြစ်ဘူး မင်းသားလေးကိုတွေ့အောင်ရှာကျ"

"ဟုတ်ကဲ့မမ"

ဟုန်ချန်းရဲ့အရှင်သခင်ဂဋုန်မင်းရှောင်းကျီရဲ့ အငယ်ဆုံးသားတော်လေး မင်းသားရှောင်းကျန့်ရဲ့ အသက်20ပြည့်မွေးနေ့

ဂဋုန်အရှင်က မွေးနေ့ကိုတခမ်းတနားကိုကျင်းပတာ ဟုန်ချန်း တစ်နေရာလုံးမှာ ဒီနေ့ စားသောက်ပွဲတော်ကြီးစည်ကားစွာကျင်းပမှာ

အရှင်က သားသမီးများစွာထဲကမှမင်းသားလေး ရှောင်းကျန့်ကိုအချစ်ဆုံး အငယ်ဆုံးလည်းဖြစ်တယ် ပြီးတော့မင်းသားလေးကသူများနဲ့မတူဘူး အားလုံးထက်သာတယ် ဥာဏ်ပညာပိုထက်မြက်သလို အစွမ်းတန်ခိုးလည်းပိုကြီးမားတယ်

မင်းသားလေးက ယောက်ျားလေးတန်မဲ့ အင်မတန်နူးညံ့တယ် ခြေလက်လေးတွေဆိုဖြူဥလို့ သွယ်လည်းသွယ်တယ် ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်မဆိုသာပေမယ့် ကြည့်ကောင်းတယ် ပိန်ပိန်ပါပါးရှိတယ် အရပ်မြင့်မားတယ် သာယာချိုအေးတဲ့ အသံကိုပိုင်ဆိုင်ထားတယ် အသားအရည်စိုပြေတယ် ရုပ်ရည်လား ပြောပြလို့မတတ်အောင်ချောမောတယ် အင်အားကြီးဂဋုန်တစ်ကောင်ဖြစ်နေသည့်တိုင် ရုပ်ရည်အဆင်အတန်းမြင့်မားတယ် ညီညာတဲ့မျက်ခုံး ဝိုင်းစက်တဲ့မျက်ဝန်းလေးတွေ ဖြောင့်စင်းတဲ့နှာတံလေး အ ရောင်အ သွေးပြည့်ဝတဲ့ နှုတ်ခမ်းသားရယ် မျက်နှာကလည်းသွယ်လျတယ် အဘက်ဘက်က ပြောစရာမရှိအောင်ချောမောပြေပျစ်တယ် ယောက်ျားလေးတွေထဲမှာ ထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားသူတစ်ယောက် ဂဋုန်မျိုးနွယ်ဆိုတာထက် နတ်သားတပါးလိုပဲ

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now