"လန်ကျန့် လန်ကျန့်! ဟင်!!"
ရှောင်းကျန့် သူ့ ရှေ့မြင်တွေ့ ရတဲ့ အရာ ကြောင့် အင်မတန် အံ့သြထိတ်လန့်မိသည်
အင်မတန်ကြီးမားလွန်လှတဲ့အပြာရောင် ကြေးခွံနှင့် နဂါးကြီးသည် လန်ကျန့် အ ဆောင်ထဲတွင် ထိုင်နေသည်
ရှောင်းကျန့်ကိုမြင်တော့ ထိုနဂါးကြီးက ထလာသည် အရှည် ပေတစ်ရာနီးပါးရှိမည် အ ရောင်က အပြာရောင်ဖြစ်သောကြောင့် နဂါးကြေးခွံ ရောင်ကြောင့် အဆောင်ကြီးက လင်းလက်ထ နေသည်
(A/Nနဂါးကို အ ရောင်ကိုသူများတွေသုံးသလို ရွှေ ရောင်တွေငွေ ရောင်တွေမသုံးချငိဘူး အပြာသုံးရတာ ကျော့စိတ်ကူးသက်သက်ပါ ဖတ်တဲ့အခါ နဂါးက အပြာကြီးကိုတမျိုးမြင်မှာစိုးလို့ပါ ရှောင်းကျန့်ရဲ့ဂဠုန်အ ရောင်ရောပါပဲ ပုံထဲမှာပါတဲ့အတိုင်းပဲနော် ကျော့ဘာသာသက်သက်စိတ်ကူးပုံဖော်ထားတာပါ ယူသုံးမယ့်ပုံလဲအဲ့ဒါပဲရတာပါတာပေါ့)
"န…နဂါး!!"
"အ့"
နဂါးကြီးသည် ရှောင်းကျန့်အံ့သြ နေတာကိုအခွင့်ကောင်းယူကာ ရှောင်းကျန့် ကျုယ်အား အမြီးဖြင့်ပတ်ထားလေသည်
ရုတ်တရက် ကြားလိုက်ရတဲ့ ကျယ်လောင်တဲ့ နဂါးဟိန်းသံ ကြောင့် ဂဠုန်မင်းအပါဝင် တခြားဂဠုန်များသည် လန်ဖျန့်ကုန်သည် နဂါးဟိန်းသံထွက်ပေါ်လာရာနေရာသို့ ရောက်ရှိလာတော့
"သား သားတော်!!!"
အင်မတန်ကြီးမားလွန်းတဲ့ အ ရောင်အဝါ လင်းလက်လွန်းလှပလွန်းတဲ့ နဂါးကြီးတစ်ကောင်သည် မိမိ၏သားတော်အားရစ်ပတ်ထားသည်ကိုတွေ့လိုက်ရတာကြောင့် ဂဠုန်မင်းရှောင်းကျီ မူးမေ့မတတ်ဖြစ်ရသည် တဆက်ထဲဒါဟာမိမိလိုက်ရှာနေတဲ့နဂါးပေလားဟုတွေးဆမိတယ်
ရှောင်းကျီကဂဠုန်အသွင်ချက်ချင်းပြောင်းလဲလိုက်လေသည် သူဂဠုန်အသွင်ပြောင်း သည်နှင့် ရှောင်းကျန့်ကိုရစ်ပတ်ထားလျက် အပြင်ဘက်သို့ ထွက်သွားလေသည် နောက်ကဂဠုန်ကလည်းလိုက်လေသည်
နန်းတော်အပြင်ဘက်ရောက်တော့ နဂါးနှင့်ဂဠုန်ထိပ်တိုက်မျက်နှာချင်းဆိုင်ဆုံလေသည်
YOU ARE READING
💘💘 Fictional Love💘💘 Season(1)
Historical FictionIntro နဂါးမင်းသားဝမ်ရိပေါ်နဲ့ ဂဋုန်မင်းသားရှောင်းကျန့်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို သိရဖို့ "Fictional Love" လေးကိုဖတ်ကြည့်ကျရ အောင်လား