part(37)

1.2K 79 6
                                    

ဝမ်ရိပေါ် အနားတချိန်လုံး ထိုင်စောင့်ပေးကာ နဖူးနဲ့ လည်ပင်းက ချွေးစေး တွေပို ဖယ်ရှားပေးနေသည် လက်က လေးကိုကိုင်ထားကာ မျက်နှာအားထိုင်ကြည့်နေမိသည်

"သတိရလာပါတော့ ဝမ်ရိပေါ် မင်းတွေ့ချင်နေတဲ့ ငါမင်းအနားမှာရှိနေတယ်လေ"

မျက်နှာပေါ်က ဆံပင်တချက်ကိုသပ်တင်ပေးရင်း

"မင်းမျက်နှာကိုအခုမှ သေချာကြည့်မိတယ် မင်းက အရမ်းချောတာပဲ ယောက်ျားလည်းပီသတယ် တခုပဲ မျက်နှာက တအားအေးစက်လွန်းတယ်  ဒါမယ့် မင်းရဲ့အဲ့မျက်နှာထားကိုငါသ ဘောကျတယ် ပြီးတော့ ဒီနှုတ်ခမ်းလေးကိုလည်း ငါသ ဘောကျတယ် "

ရှောင်းကျန့်ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းလေးကို ထိကပ်နမ်းလိုက်သည်

နားထဲအသံအချို့ကိုကြားနေရသည် ဒီအသံက ရှောင်းကျန့် အသံမလား သူ့လက်ကိုလည်းတစ်စုံတဦးက ဆုပ်ကိုင်ထားတယ် ဒီအ တွေ့အ တွေ့က လည်း ရှောင်းကျန့် ပဲမလား သူ့ကိုစကားတွေ ပြောနေတဲ့ရှောင်းကျန့် မျက်နှာကိုမြင်ချင်ပေမယ့် မျက်လုံးတွေက လေးလံကာ ဖွင့်မရခဲ့

ခနအတွင်း နွေးထွေးသွားတဲ့နှုတ်ခမ်းလေး ဟုတ်တယ် ဒီအနမ်း ဒီအထိအ တွေ့ သူလွမ်းမောခဲ့ရတာ ဘယ်လောက်ကြာပြီလဲ

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့နှုတ်ခမ်းကိုထိကပ်ကာနမ်းနေတဲ့ ရှောင်းကျန့်

ဝမ်ရိပေါ်က ထိကပ်ကာနမ်းနေတဲ့နှုတ်ခမ်းလေးကိုဆွဲကာ အာခံတွင်းထဲထည့်လိုက်သည်

"အွန့်"

တလှည့်စီ သုစုပ်ယူနမ်းရှိုက်လေသည် ရုတ်တရပ်မို့ ရှောင်းကျန့် ခန ကြောင်နေပြီး အဲ့နောက်မှ သူလည်းတုံ့ပြန်လာသည်

အနမ်းပင်လယ်ထဲလက်ပစ်ကူးနေတာများ တပြွတ်စ်ပြွတ်စ် တပျက်ပျက်ကို မြည်လို့ အားမရတဲ့ဝမ်ရိပေါ်က ကိုဟ်ကိုတပတ်လှိမိ့ကာ ရှောင်းကျန့် ကိုသူအောက်ပို့ရင်းနမ်းလေသည်

အခုချိန်မှာ နေမ ကောင်းဖြစ်နေတာတောင်သတိမမူခဲ့မိ ဒီလောက်လွမ်းနေရတဲ့ နှုတ်ခမ်းလေး နေမ ကောင်းတာနဲ့ပဲ လွှတ်ထားစရာလားနော်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now