part(12)

813 56 2
                                    

မြေပြင်ပေါ်ပစ်လဲကျသွားတဲ့ဂဠုန်မင်းဟာ တကိုယ်လုံးဒဏ်ရာတွေအပြည့်နှင့်

"ခမည်းတော်!!"

ရှောင်းကျန့်ဖို့ရင်နာရပါသည် သူသာ အ ကောင်းပကတိ အ ခြေ အ နေဆိုခမည်းတော်ဒီလိုဖြစ်မှာမဟုတ်ဘူး သူ့အစွမ်းတွေနဲ့ နဂါးရန်က ခမည်းတော်လွတ်အောင် သူကာကွယ်ပေးနိုင်ခဲ့မှာ အခုဒီလိုဖြစ်ရတာဟာ သူ့ ကြောင့်သူ့မိုက်ပြစ်တွေသာ အချစ်ကိုယုံစားကိုးကွယ်မိတဲ့ အပြစ်တွေသာ ရင်နာလို့မဆုံးပါ

တိုင်းပြည်တပြည်မှာ အုပ်ချုပ်တဲ့မင်းတပါး ကျရှုံးတာနဲ့ ကျန်တဲ့သူတွေပါ ကျရှုံးလေသလား အခု တစ်ရာမပြည့်တဲ့ နဂါးတွေလက်အောက်မှာ ထောင်ချီရှိခဲ့ဂဠုန်တွေဟာ သေ ကျေပျက်စီးသူနှင့် ဒဏ်ရာဗလပွနှင့် ကျရှုံးနေသူနှင့်

အေးပေါ့လေ နဂါးတွေက သေချာအကွက်ချထားခဲ့တာကိုးး

"ကိုယ်ရံတော်လု ဂဠုန်မင်းရဲ့ သားတော်သမီးတော်အကုန်ကျတော့်ရှေ့ ခေါ်လာခဲ့"

"အမိန့်တိုင်းပါ"

"ဂဠုန်မင်း! ခဗျားရင်သွေးတွေ ကျုပ်လက်အောက်ဘယ်လိုဇီဝိန်ချုပ်မလဲကြည့်ထားးး"

ကိုယ်ရံတော်လုဟာ ဂဠုန်မငိးသားမင်းသမီးများကို နဂါးကျော့ကွင်း ဖမ်းခေါ်လာကာ ဝမ်ရိပေါ်ရှေ့ မှောက် ပစ်ချလိုက်သည် နောက်ရှောင်းကျန့်ကိုပါ ဖမ်းဆီးလာသည်

ဝမ်ရိပေါ်ကိုယ်တွင်းမှ နဂါးမင်းတွေရဲ့ အစဉ်အဆက်ကိုင်ဆောင်လာတဲ့ ကျောက်စိမ်းဓားကိုထုတ်လိုက်သည်အဲ့နောက် ကိုယ်ရံတ်ာလု ခေါ်ဆောင်လာတဲ့ ရှောင်းကျီရဲ့ သားသမီးများကို တဦးချင်းစီ ဝမ်ရိပေါ် ဟာ ရက်စက်စွာ သတ်ပစ်ခဲ့သည်

(A/Nပြောချင်တာက သိုင်းကားတွေထဲမှာပါသလို ဓားကိုလက်ပေါ်မှာ ဖန်ဆင်းယူလိုက်သလိုမျိုးလေ)

"မလုပ်ပါနဲ့!!! မလုပ်ပါနဲ့!!!"

"ကလေး တွေ မလုပ်ပါနဲ့ !!!!"

မိခင်ဖြစ်သူလည်း ကိုယ့်ရင်သွေးတွေ အသတ်ခံရ တာကိုဘယ်လိုနှလုံးသားနဲ့ကြည့်နေနိုင်ရက်ပါ့မလား ရင်ကွဲမတတ်ခံစားရပါတယ်

ရှောင်းကျီမှာလည်း ခန္ဓာကိုယ်က ဒဏ်ရာရဲ့နာကျင်မှုရော သားသမီးတွေ အသတ်ခံရတာကိုရင်နာနာမြင်တွေ့ နေရတဲ့ ရင်ထဲက နာကျင်မှုပါ ပေါင်းကာ အရှင်လတ်လတ်ငရဲကျနေသလိုပင်

💘💘 Fictional Love💘💘 Season(1)Where stories live. Discover now