Unicode...
အိမ်သို့ရောက်သောအခါ သွေးသစ်အပေါ်ထပ်သို့တက်ရန်အကြံတွင် ထိုလူကြီးကသူ့အားလှမ်းခေါ်ပြန်လေသည်။
"သွေးသစ် ငါမင်းကိုပြောစရာရှိတယ်။ဒီကိုခဏလာအုံး"
ထို့နှင့်သွေးသစ်သည်လည်း ဧည့်ခန်းထဲသို့သွား၍ ဆိုဖာတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်လေသည်။
"ဒီဇာတ်ကားရိုက်ပြီးသွားရင် မင်းကိုရုပ်ရှင်တစ်ကားရိုက်ဖို့ကမ်းလှမ်းထားတယ်။အဲ့တာငါလက်ခံလိုက်တယ်"
ထိုလူကြီးစကားကြောင့် သွေးသစ်လည်း ထိုလူကြီးအားပြန်ကြည့်ပြီးနောက်မေးမိသည်။
"ဒါရိုက်တာ ဘယ်သူလဲ?"
"ဒါရိုက်တာက သူတို့ဘက်ကလူနဲ့ရိုက်မှာ။အဲ့ဒါရိုက်တာက တော်ပါတယ်။အဲ့တာကြောင့်မင်းစိုးရိမ်စရာမလိုဘူး"
သွေးသစ်၏ စိတ်ထဲတွင်ပြောမိလေသည်။
'ဒါရိုက်တာဘယ်သူလဲလို့မေးတာ တော်လားမတော်လားသိချင်လို့မေးတာမဟုတ်ဘူး။ခင်ဗျားဖြစ်နေမှာစိုးလို့...ခင်ဗျားနဲ့မဟုတ်ရင် ကျွန်တော်က ဘယ်သူနဲ့ရိုက်ရိုက်အဆင်ပြေတယ်...'
"ငါပြောတာကြားလား..!"
သွေးသစ် အတွေးထဲမျောနေစဥ် ထိုလူကြီးစကားကြားမှပြန်ဖြေလိုက်လေသည်။
"အင်း...ကြားတယ်။ဒါပဲမလား ကျွန်တော်သွားတော့မယ်။"
သွေးသစ်ထိုသို့ပြောပြီး ထထွက်သွားရန်အပြင်တွင်..
"ပြန်ထိုင်စမ်း!"
သွေးသစ်၏မြှောက်ကြွသွားသောခန္ဓာကိုယ်မှာ ထိုစကားကြောင့် ဆိုဖာပေါ်သို့ပြန်ထိုင်လိုက်ရသည်။
"မင်းငါ့ကိုပြောတာတွေက ရင့်သီးနေတယ်နော်။ငါမင်းထက်ငယ်တဲ့လူမဟုတ်ဘူး။အချိုးမပြေတာတွေ ငါ့ရှေ့လာမလုပ်နဲ့!"
သွေးသစ် ဦးဘုန်းခန့်ပြောသောစကားများအား ခေါင်းငုံ့ပြီး နှုတ်ဆိတ်၍သာနားထောင်နေလေသည်။
ဘုန်းခန့်လည်း သူလေသံမာမာနှင့်ပြောရင်ငြိမ်ကျသွားသောကောင်လေးအား တစ်ချက်ကြည့်ပြီးနောက်ထပ်ပြောလိုက်သည်။
YOU ARE READING
You are My Life《Completed》
Romanceရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၏ CEOလဲဖြစ် ဒါရိုက်တာလဲဖြစ်တဲ့ အသက်၃၂နှစ်အရွယ် ဦးဘုန်းခန့်တည်ကြည်ဆိုသောလူနှင့် အသက်၂၁နှစ်အရွယ်သရုပ်ဆောင် မင်းသွေးသစ်တို့ အကြောင်းတစ်ခုခုကြောင့် လက်ထပ်ဖြစ်သွားသောအခါ... နေရာတကာလိုက်ချုပ်ချယ်တတ်တဲ့ ဦးဘုန်းခန့်နဲ့ ချု...