Part-15

5.9K 277 40
                                    

Unicode....

မနေ့ကသူနှင့်ဦးဘုန်းခန့်စကားများကြပြီးနောက်ပိုင်း ဦးဘုန်းခန့်ကဘယ်ကိုထွက်သွားမှန်းမသိပေ။ထို့အတွက် သူလည်းအပေါ်ထပ်သို့တက်ကာဝင်အိပ်လိုက်ခြင်းပင်။

အခုမနက်ခင်းနိုးထလာသောအခါ ဘေးနားရှိနေရာသို့သူကြည့်မိလိုက်တော့လွတ်နေသောနေရာတစ်ခုသာသူတွေ့လေသည်။ထို့အတွက်အိပ်ယာထကာသွားတိုက်၊မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီး ထမင်းစားခန်းထဲသို့ဝင်သွားလိုက်သည်။

သူ့အားမြင်သောအခါ ဒေါ်တင်မှပြောလာသည်။

"သား..ဘာစားမလဲ?"

"နွားနို့ပူပူလေးရှိလားကြီးတင်။ကျွန်တော်နွားနို့သောက်ချင်တယ်"

"ရှိတယ်သား ကြီးတင်ကျိုထားတယ်"

"ဟုတ် ဒါဆိုကျွန်တော့်ကိုအဲ့တာပဲပေးပါ"

ထို့သို့ပြောလိုက်ပြီး ဒေါ်တင်အားသူမေးမိသည်။

"ကြီးတင် ညကဟိုလူကြီးပြန်မအိပ်ဘူးလား?"

"သားခန့်က ညကညဥ့်နက်မှပြန်လာတာ"

ထိုစကားကြောင့် သူထပ်မေးမိပြန်သည်။

"ဒါဆို သူကအခုဘယ်မှာလဲ?"

"အိပ်နေတုန်းပဲထင်တယ်"

"အခန်းထဲမှာ ကျွန်တော်မတွေ့မိပါဘူး?"

"အာ..ဟုတ်တယ်။ညကသားခန့်က ဒီဘက်အခန်းကိုအလောတကြီးရှင်းခိုင်းလို့ ကြီးတင်တောင်ရှင်းပေးလိုက်ရသေးတယ်။အဲ့အခန်းမှာညကသူအိပ်တာထင်တယ်။"

"သြော်"

ထိုသို့သာသူပြောမိပြီး ထမင်းစားခန်းထဲသို့ဝင်လာသည့်လူကြောင့် ကြီးတင်နှင့်ပြောလက်စစကားအားဖြတ်လိုက်ရသည်။

ထမင်းစားခန်းထဲသို့ ဦးဘုန်းခန့်ကြီးဝင်လာခြင်းဖြစ်သည်။ထို့အတွက်သူ မော့မကြည့်ပဲဒီအတိုင်းသာခေါင်းငုံ့ထိုင်နေမိသည်။

ကြီးတင်မှ ထိုလူကြီးအားမေးလာသည်။

"သားခန့်...ဘာစားမလဲ?"

"ကော်ဖီတစ်ခွက်ပဲပေး။ညကျရင်ကျွန်တော့်ဖို့မချက်နဲ့ ကျွန်တော်အလုပ်ကိစ္စရှိလို့နောက်ကျမှာ"

You are My Life《Completed》Where stories live. Discover now