Part-2

8.4K 392 7
                                    

Unicode...

နေ့ခင်း ၁၂နာရီဆိုသည့်အချိန်သည်ကား အလွန်ပူပြင်းလှပေသည်။ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ၏ထိပ်တန်းရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် TK entertainmentရှေ့တွင် BMW တံဆိပ် နက်ပြာရောင်ကားတစ်စီးထိုးရပ်လာလေသည်။

ကားပေါ်မှဆင်းလာသူသည်ကား ခန္ဓာကိုယ်အချိုးအစားသွယ်လျလှပ၍ အပြာနုရောင် T-shirtလက်ရှည်ကို ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားပြီး တပ်ဆင်ထားသော နေကာမျက်မှန်နှင့်စတိုင်ခပ်မိုက်မိုက်ရှိလှပေသည်။ထိုလူသည် ကားပေါ်မှဆင်းသွား၍ မိုးထိအောင်မြင့်မားနေသော အ‌ဆောက်အဦးအား တစ်ချက်မော့ကြည့်ပြီးနောက် အထဲသို့ဝင်သွားလေသည်။

ထိုလူသည်မှာကား မြန်မာနိုင်ငံ၌အောင်မြင်ကျော်ကြားနေသည့် သရုပ်ဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မင်းသားမင်းသွေးသစ်ပင်ဖြစ်ချေတော့သည်။တစ်နည်းအားဖြင့် ထိုလူသည်ကား TK entertainment ၏CEOကတရားဝင် လက်ထပ်ထားသည့် အမျိုးသားတစ်ယောက်ဟုလည်းဆိုရပေမည်။

သွေးသစ် တံခါးဖွင့်၍ဝင်လိုက်သည်ဆိုရင်ဖြင့် လူတိုင်းကသူ့ကိုနှုတ်ဆက်လာကြလေသည်။

"မင်္ဂလာပါ အစ်ကိုလေး"

သွေးသစ်လည်း လက်တစ်ချက်သာပြန်ဝှေ့ပြလိုက်သည်။ထို့နောက် ထိုလူကြီးရှိရာရုံးခန်းသို့ လျှောက်သွားလေတော့သည်။

.
.
.

ဘုန်းခန့် စာရင်းဇယားတွေလုပ်နေရင်း တံခါးခေါက်သံကြားလိုက်ရလေသည်။

"ဆရာ...အစ်ကိုလေးရောက်ပါပြီ"

"အင်း...အခန်းထဲလွှတ်လိုက်"

ဘုန်းခန့် ထိုသို့ပြောပြီးစာရင်းဇယားများအား ပြန်လည်ကြည့်ရှုနေလေသည်။ခဏကြာတော့ တံခါးပွင့်သွားခြင်းနှင့်အတူ လူတစ်ယောက်ဝင်လာလေသည်။ထိုလူသည် သူ့ဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ အရှေ့ရှိဆိုဖာတွင်သာဝင်ထိုင်လာလေသည်။

ဘုန်းခန့်လည်း သူ့အရှေ့ရှိထိုကောင်လေးအား တစ်ချက်ကြည့်ပြီးပြောလိုက်လေသည်။

You are My Life《Completed》Hikayelerin yaşadığı yer. Şimdi keşfedin