Part-20

6.3K 254 24
                                    

Unicode...

ကောင်လေးစကားကြောင့် ဘုန်းခန့်ပြောမိသည်။

"ငယ်က ကားရိုက်တွေလည်းရှိသေးတယ်လေ။ဘယ်လိုလုပ်လိုက်လို့ရမှာလဲ?"

"ကျွန်တော်ရိုက်ဖို့အခန်းတွေကမနက်ဖြန်ဆိုပြီးပြီ။အဲ့တော့ ကျွန်တော်လိုက်ခဲ့မယ်နော်။ခရီးမထွက်ဖြစ်တာလဲကြာလို့ပါ"

သွေးသစ် ဦးဘုန်းခန့်အားမျက်နှာငယ်လေးနှင့်ကြည့်ကာတောင်းဆိုမိသည်။

"နော်လို့"

"အင်းပါ။ဒါဆိုလည်း လိုက်ခဲ့လေ"

ထိုစကားကြောင့် သွေးသစ်ပြုံးမိပြီးခေါင်းကိုအဆက်မပြတ်ညိတ်မိသည်။

"အင်း"

.
.
.
.

ထို့နှင့် သွေးသစ်သူရိုက်ရမည့်အခန်းတွေကို၂ရက်အတွင်းအပြီးရိုက်ခဲ့သည်။ဒီနေ့ကတော့ဦးဘုန်းခန့်နှင့်သူနှင့်ခရီးထွက်ရမည့်နေ့ပင်။

လေဆိပ်တွင်ဘုန်းခန့် ရန့်အားသေချာမှာနေသည်။

"ကိစ္စတွေအားလုံးကိုမင်းကိုခဏလွှဲခဲ့မယ်။မင်းကြည့်ပြီးသာလုပ်ဆောင်ထားလိုက်။အရေးကြီးတဲ့ကိစ္စလောက်ကြမှ ငါ့ကိုတင်ပြ။ငါသိပ်တော့မကြာပါဘူး။ဟိုမှာတစ်ပတ်လောက်ပဲကြာမှာပါ။

"စိတ်ချသွားပါဆရာ။ကျွန်တော်သေချာဆောင်ရွက်ထားပါ့မယ်"

ရန့် ပြန်ဖြေသံကြောင့်ဘုန်းခန့်ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။

"အင်း ကောင်းပြီ။ဒါဆိုငါတို့သွားတော့မယ်"

ဘုန်းခန့်ထိုသို့ပြောပြီး ဘေးနားရှိကောင်လေး၏လက်အားလှမ်းကိုင်လိုက်သည်။

အစ်ကိုရန်နှင့်စကားပြောပြီးနောက် သူ့လက်ကိုကိုင်လာသည့်အတွက်သွေးသစ်မော့ကြည့်မိသည်။အခုသူ့ပုံစံက ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားရပြီး နေကာမျက်မှန်ကိုလည်းတပ်ထားရသေးသည်။ပရိတ်သတ်တွေသူ့ကိုမှတ်မိသွားမှာစိုးသောကြောင့်ပင်။ထို့အတွက်သူ့မှာ ခရီးထွက်လာတာတောင်အလန်းဇယားမဝတ်ရပဲရုပ်ဖျက်ပြီးသွားရသည်ပင်။

ဒါတောင် တစ်ချို့တစ်ယောက်စ၊နှစ်ယောက်စကသူ့ကိုမှတ်မိသွားပြီးသူ့နာမည်ခေါ်သံကိုလည်းသူကြားမိသည်။ဘေးနားမှာဦးဘုန်းခန့်ကြီးကရှိနေခြင်းအတွက်ကြောင့်သာ သူ့အနားသို့မလာရဲကြခြင်းဖြစ်သည်။

You are My Life《Completed》Where stories live. Discover now