Part-25

6K 240 43
                                    

Unicode...

"ငယ်..သက်သာရဲ့လား?"

ဘုန်းခန့် သူမေးတာကိုမဖြေပဲ ငိုချလာသောကောင်လေးကြောင့်သူ့မှာထူပူသွားရသည်။

"ဘာဖြစ်လို့လဲ? ယားတာမသက်သာသေးလို့လား?"

မေးလာသော ဦးဘုန်းခန့်၏စကားများကိုသွေးသစ်ခေါင်းခါပြလိုက်ပြီးမှပြန်ဖြေလိုက်လေသည်။

"ကျွန်တော် တကယ့်ကိုဆိုးဝါးတဲ့အိမ်မက်အရှည်ကြီးတစ်ခုကိုမက်ခဲ့မိတာ...ဟင့်"

ရှိုက်သံတွေနှင့်အတူငိုကာပြောလာသောကြောင့် သွေးသစ်၏ခေါင်းလေးအားခပ်ဖွဖွပုတ်ပေးမိရင်းမေးမိသည်။

"ဘာတွေမက်လို့လဲ?"

"အိမ်မက်ထဲမှာ...အိမ်မက်ထဲမှာ..ကျွန်တော်တို့ရဲ့ကလေးကပျက်ကျသွားတာတဲ့။အဲ့ကိစ္စကြောင့် ဦးဘုန်းခန့်နဲ့ကျွန်တော်နဲ့ကအကြီးအကျယ်ရန်ဖြစ်နေကြတာ။နောက်တော့ ဦးကကျွန်တော့်ကိုထားသွားခဲ့တာ။ကျွန်တော်ဘယ်လိုအော်ခေါ်ခေါ်...ဘယ်လောက်ပဲတောင်းပန်ပန်..ကျွန်တော့်ကို့လှည့်တောင်မကြည့်ပဲနဲ့အမှောင်ထုထဲမှာတစ်ယောက်ထဲထားသွားခဲ့တာ။ကျွန်တော်ကြောက်နေခဲ့တာ...ကြောက်နေခဲ့တာ..အဲ့အမှောင်ထုကရုန်းမထွက်နိုင်မှာကို။ပြီးတော့..အိမ်မက်တစ်ခုမဟုတ်ပဲ လက်တွေ့အစစ်အမှန်ဖြစ်နေမှာကျွန်တော်ကြောက်နေခဲ့တာ။ပြန်နိုးမထနိုင်တော့မှာကိုကျွန်တော်ကြောက်နေတာခဲ့တာ...အဟင့်.."

တရပ်စပ်ငိုကာပြောလာသောသွေးသစ်ကြောင့် သူပြောမိသည်။

"ငယ်...စိတ်ကိုလျော့။ဒါအိမ်မက်တစ်ခုပဲလေ..တကယ်မဖြစ်ဘူးနော်။ဒီအတိုင်းကြောက်လန့်ချိန်မှာမက်မိတဲ့ အိမ်မက်ဆိုးတစ်ခုပါပဲ။ပြီးတော့ ကိုယ်ကလည်းဘယ်တော့မှငယ့်ကိုထားမသွားဘူး ဟုတ်ပြီလား..။မငိုနဲ့တော့...ကိုယ်ငိုတာမကြိုက်မှန်းငယ်သိသားနဲ့။ဘာမှမဖြစ်ဘူးနော်...။"

မျက်ရည်များကိုသုတ်ပေးရင်းဆိုလာသော ဦးဘုန်းခန့်၏စကားတို့အားသွေးသစ်ခေါင်းသာညိတ်ပြမိသည်။

"ဒါဆိုခဏနားနေလိုက်အုံးနော်။ကိုယ်အပြင်မှာ ရန့်ကိုမှာစရာရှိတာတွေသွားမှာလိုက်အုံးမယ်"

You are My Life《Completed》Where stories live. Discover now