Part-29

5.6K 217 48
                                    

Unicode....

၃လကြာပြီးနောက်။

သားလေးရက်တစ်ရာပြည့်နှင့်အတူ နာမည်ပေးကင်ပွန်းတက်ပွဲအားhotelတစ်ခုတွင်ကျင်းပဖြစ်လေသည်။ထို့အတွက်သူတို့ ထိုhotelသို့သွားရန်ပြင်နေခြင်းပင်။

"ငယ်..ပြီးပြီလားသွားရအောင်"

"ပြီးတော့မယ်...ခဏလေး။သားအတွက်နို့ဗူးထည့်နေလို့။"

ထိုစကားကြောင့် သားအားချီရင်းသွေးသစ်အားစောင့်နေလိုက်သည်။ပစ္စည်းပစ္စရတွေယူကာ ထွက်လာသောသွေးသစ်ကြောင့် သူပြောမိသည်။

"ငယ် သားကိုချီလိုက်။ကိုယ်ပစ္စည်းတွေသယ်ခဲ့မယ်"

"အင်းအင်း"

ထိုစကားကြောင့် သွေးသစ် ဦးဘုန်းခန့်လက်ထဲမှသားအားပွေ့ချီလိုက်သည်။သားကသူချီတာသိသည်နှင့် နို့စို့ရန်နို့အားအင်္ကျီအပြင်ကနေလှမ်းဟပ်လေသည်။

"ခန့်ခန့်...ဖေဖေတို့အပြင်သွားရမှာလေ။ပြန်လာမှစို့နော် အခုတိုက်လို့မရသေးဘူး"

ထိုသို့ပြောပြီး သားအားငုံ့မွှေးကာအောက်ထပ်သို့ဆင်းလာခဲ့ကြသည်။အောက်တွင်မေမေတို့ကလည်းသူတို့နှင့်အတူသွားရန်စောင့်နေလေသည်။ထို့နှင့် သူနှင့်ဦးဘုန်းခန့်ကားနောက်ခန်းထဲဝင်ထိုင်တော့ ရှေ့ခန်းတွင်ထိုင်နေသောမေမေမှပြောလာသည်။

"သား မြေးလေးကိုမေမေ့ကိုပေး။"

မေမေ့စကားကြောင့် သားအားမေမေ့လက်ထဲသို့ပေးလိုက်သည်။ထိုသို့ပေးလိုက်သည်ဆိုရင်ဖြင့် သားကအော်ငိုလာလေသည်။သားက သူ့လက်နှင့်သူ့ဒယ်ဒီလက်ကိုတစ်အားသိသည်။တစ်ခြားလူသူ့ကိုချီရင်မကြိုက်ပေ။သူ့အဘွားချီတာတောင်သူမကြိုက်။ထို့အတွက် မေမေ့ဆီမှသားအားသူပြန်ပွေ့ချီရသည်။

"ကျွန်တော့်ကိုပေး မေမေ။သူကသားချီတာမဟုတ်ရင်သိပ်သိတာ"

ထိုစကားကြောင့် ဒေါ်ဟေမာန်သည်လည်းမြေးအားသားဖြစ်သူလက်ထဲသို့ပြန်ထည့်ကာဆိုလာသည်။

"အမလေး ဟုတ်ပါပြီရှင်။အဖေကိုတော်တော်ချစ်"

ထိုအခါ ကားမောင်းသူနေရာမှာထိုင်နေသောဖေဖေမှပြောလာသည်။

You are My Life《Completed》Donde viven las historias. Descúbrelo ahora