Part-11🚨

7.9K 272 16
                                    

Unicode....

အိပ်နေသောကောင်လေးအား ဘုန်းခန့်လှုပ်နိုးလိုက်သည်။

"ထစမ်း သွေးသစ်..ငါမင်းနဲ့ပြောစရာရှိတယ်"

သွေးသစ် ထိုလူကြီးနှင့်စကားထပ်မများချင်လို့လှဲအိပ်နေခြင်းပင်။သို့ပေသည့် ထိုလူကြီးကအတင်းဆွဲကာနှိုးလာသည့်အတွက်ထလိုက်ရသည်။

"ဘာတွေထပ်ပြောအုံးမလို့လဲ?...ထပ်ပြောရင်...ခင်ဗျားနဲ့ကျွန်တော်နဲ့ထပ်စကားများအုံးမယ်"

"စကားမများချင်ရင် မင်းငါ့စကားနားထောင်လေ..."

"မင်းကိုငါ ဆက်မရိုက်ပါနဲ့တော့လို့ပြောနေတာတောင်ဆက်ရိုက်တဲ့အပြင် အခုအဲ့ကောင်နဲ့ပါ ချိန်းတွေ့နေပြီပေါ့"

"ခင်ဗျားကို ပြောပြီးပြီလေ..။ဒီအတိုင်းပဲလာသောက်ကြတာပါဆိုနေ"

"သြော်...ဒါဆိုဘာလို့အဲ့ကောင်နဲ့လဲ ဘာလို့အဲ့ကောင်နဲ့မှလဲ!!?"

စကားက ထိုအခြင်းအရာဆီသို့သာပြန်လည်ဦးတည်နေသည်မို့ သွေးသစ်စိတ်မရှည်တော့ပေ။

"ဦးဘုန်းခန့် ခင်ဗျားကဘယ်လိုတောင်ဖြစ်နေတာလဲ...။ဘာလို့ကျွန်တော်ပြောတာတွေတစ်ခုမှမယုံကြည်ရတာလဲ?"

"မင်းက ယုံကြည်အောင်မှမနေပဲ"

"ဒါဆိုကောင်းပြီ..။ခင်ဗျားလည်းကျွန်တော့်ကိုမယုံကြည်တဲ့အတူတူ ကျွန်တော်တို့ကွာရှင်းကြတာပေါ့"

သွေးသစ် ထိုစကားပြောပြီးကုတင်ပေါ်ကဆင်းလာကာ အခန်းထဲမှထွက်သွားရန်ပြင်မိသည်။ထိုစဥ် သူ့ခန္ဓာကိုယ်အားအနောက်မှလှမ်းဆွဲလာသဖြင့် အနောက်သို့ယိုင်ကျသွားကာ ကုတင်ပေါ်သို့ပြုတ်ကျသွားရသည်။

"သွေးသစ်..မင်းသိထားဖို့က မင်းကိုငါပိုင်တယ်ဆိုတာပဲ"

ဘုန်းခန့်ထိုသို့ပြောကာ အောက်ကကောင်လေး၏နှုတ်ခမ်းသားများအား ဖိကပ်ကာနမ်းလိုက်သည်။

အင့်~~~အွန့်~~~

မထင်မှတ်ထားသောလုပ်ရက်ကြောင့် သွေးသစ်ကြောင်အသွားရသည်။ထို့အတွက်သူအတင်းရုန်းကန်နေမိသည်။

"အာ့...ခင်ဗျားဘာလုပ်တာလဲ...။ကျွန်တော့်ကို အခုလွှတ်...ခင်ဗျားမူးနေရင်လည်းအိပ်လိုက်တော့"

You are My Life《Completed》Where stories live. Discover now