Part-4

6.5K 309 11
                                    

Unicode...

ဘုန်းခန့်အိပ်နေရင်း အနားသို့တိုးကပ်လာသောကောင်လေးကြောင့်နိုးသွားရလေတော့သည်။ဘေးဘက်သို့ကြည့်မိလိုက်သောအခါ ချမ်း၍ထင်သည် ကွေးကွေးလေးအိပ်နေသော သွေးသစ်အားတွေ့လိုက်ရလေသည်။မီးဖွင့်လိုက်ပြီး ဘေးနားကနာရီကိုကြည့်လိုက်သောအခါ ၂နာရီတောင်ထိုးနေပြီပင်။ထို့နှင့် သူလည်း သွေးသစ်၏နဖူးအားစမ်းကြည့်မိလိုက်သည်။

'ကျစ်....ဒီကောင်လေးဖျားနေပြီ' ပင်။

ထိုသို့စမ်းသပ်ပြီး ဘုန်းခန့်အောက်ထပ်သို့ဆင်းလာကာ မီးဖိုချောင်ထဲသို့ဝင်လာခဲ့သည်။ညတုန်းကထိုကောင်လေး ညစာကိုကောင်းကောင်းမစားသွားသည့်အတွက် အခုဆေးတိုက်ရန်အစာရှိဖို့လိုသည်။ထို့အတွက် သူဆန်ပြုတ်ပြုတ်ရန် ဆင်းလာခြင်းဖြစ်လေသည်။အခုအချိန်ဒေါ်တင်နှင့် အိမ်အကူမလေးတွေကလည်းအိပ်နေလောက်ပြီမို့  သူကိုယ့်ဘာသာဘဲပြုတ်လိုက်ရလေသည်။

ဆန်ပြုတ်ကျက်သွားသောအခါ ပန်ကန်းလုံးတစ်ခုထဲသို့ထည့်ပြီးနောက် အပေါ်ထပ်အိပ်ခန်းရှိလာသို့ပြန်လာခဲ့လေသည်။ထို့နောက် အိပ်ပျော်နေသောကောင်လေးအား ဆန်ပြုတ်တိုက်ရန်အတွက်နှိုးရပေမည်။

"သွေးသစ်...သွေးသစ်...ထစမ်း..ဆေးသောက်ရအောင်"

သူလှုပ်နိုးလိုက်သောအခါ တအင့်အင့်နှင့်နိုးလာသောကောင်လေး..

"ညကမင်း ထမင်းသေချာမစားထားဘူးမလား။အဲ့အတွက် ငါဆန်ပြုတ်ပြုတ်လာတယ်။ဆေးမသောက်ခင် စားလိုက်အုံး"

ထိုသို့ပြောပြီး ပြုတ်လာသောဆန်ပြုတ်အား သွေးသစ်လက်ထဲသို့ထည့်ပေးလိုက်သည်။

"ပူတယ်နော် ဖြည်းဖြည်းသောက်အုံး"

သူပေးလိုက်သောဆန်ပြုတ်ပန်းကန်အား သွေးသစ်က တစ်ဇွန်းနှစ်ဇွန်းမျှသောက်ပြီးနောက် ပြန်ပေးလာလေသည်။

"အဲ့လောက်နည်းနည်းလေးသောက်လို့ ဘယ်လို့ရမလဲ ထပ်သောက်အုံး"

"ကျွန်တော် မသောက်ချင်တော့ဘူး"

"မသောက်ချင်လို့ရမလား ပါးစပ်ဟ"

You are My Life《Completed》Where stories live. Discover now