Part-10

5.9K 269 11
                                    

Unicode...

ရိုက်ကွင်းခဏနားချိန်တွင် မျက်နှာမကောင်းဖြစ်နေသောသွေးသစ်ကြောင့် သုတသွားကာမေးမိလိုက်သည်။

"သွေး...ဘာကိစ္စဖြစ်လို့လဲ?မျက်နှာလည်းမကောင်းပါလား....။ပြီးတော့ ဒီနေ့လည်းရိုက်နေတုန်းအလွဲလွဲအမှားမှားနဲ့"

ထိုသို့မေးလာသောကြောင့် သွေးသစ်ပြန်ဖြေလိုက်သည်။

"ဦးဘုန်းခန့်ကြီးနဲ့ ပြဿနာဖြစ်လာလို့"

"သြော်...ဘာပြဿနာဖြစ်လာတာလဲ?"

"ဒီရုပ်ရှင်ကားမှာအသစ်ပြောင်းလိုက်တဲ့မင်းသားကို အစ်ကိုမှန်းသူသိသွားတာ...။ပြီးတော့ဒီကားကို ဆက်မရိုက်နဲ့တော့လို့လည်းပြောတယ်"

"အာ...အစ်ကို့ကြောင့်နဲ့ပြဿနာဖြစ်ကြတာလား?"

"အစ်ကို့ကြောင့်ဆိုပေမယ့်လည်း...အဲ့လူကြီးကိုကဘာဖြစ်နေမှန်းမသိပါဘူး။ကျွန်တော်နဲ့အစ်ကိုရဲ့ကိစ္စအားလုံးကိုရှင်းပြတာတောင် မယုံကြည်နိုင်ဖြစ်နေတာ"

"သြော်.."

သုတ ထိုတစ်လုံးထဲသာပြောမိသည်။သူလည်း မြွေမြွေချင်းခြေမြင်မိပါသည်။ဦးဘုန်းခန့်တည်ကြည်ဆိုသောလူက သွေးသစ်ကိုချစ်မိနေပြီဆိုတာ။

"ဒါဆို..သွေးက ဆက်မရိုက်တော့ဘူးပေါ့?"

"ရိုက်မှာပါ။ဒီရုပ်ရှင်ကားကိုပြီးအောင်ရိုက်မှာ..။သူကျွန်တော့်ကို ဘာတွေမယုံမကြည်ဖြစ်နေမှန်းမသိပေမယ့်...ကျွန်တော့်အလုပ်ကိုတော့ကျွန်တော်ပြီးအောင်လုပ်မှာပါ..."

"အင်းပါ...ဟုတ်ပါပြီ။ဒါဆိုလည်း အလုပ်ထဲမှာအာရုံစိုက်အုံး။အဲ့အကြောင်းတွေတွေးမနေနဲ့တော့"

"အင်း"

ထို့နှင့် သူတို့ရိုက်ကွင်းအားဆက်ရိုက်ခဲ့ကြသည်။ညနေစောင်းရောက်သောအခါ ဒါရိုက်တာဖြစ်သူမှပြောလာသည်။

"ကဲ...ဒီနေ့ရိုက်ကွင်းကတော့ပြီးသွားပြီ။မနက်ဖြန်ရိုက်ကွင်းအတွက် ရွာဘက်ကိုသွားရမယ်...အဲ့တော့မနက်ဖြန်ကြရင်စောစောစီးစီးလူစုံကြတာပေါ့"

ဒါရိုက်တာ၏စကားကြောင့် သွေးသစ်ပြောမိသည်။

"ရွာဘက်ကိုသွားရမှာလား?"

You are My Life《Completed》Donde viven las historias. Descúbrelo ahora