Part-14

5.6K 261 23
                                    

Unicode....

စျာန် သူရဲ့ပထမဆုံးကြောငြာတစ်ခုရိုက်ပေးရန်ကမ်းလှမ်းလာသည်မို့ ကြော်ငြာရိုက်ပေးပြီးပြန်လာခြင်းဖြစ်သည်။ညနေစောင်းလောက်မို့ အေးအေးဆေးဆေးသာပြန်လာခဲ့သည်။အခန်းရောက်ရင် ဟိုကောင်ခန့်သာညကျရင်စားဖို့ဘာလုပ်ထားသည်မသိသည့်အတွက်သူဖုန်းခေါ်လိုက်သည်။

"ဟယ်လို ခန့်သာ ဒီညစားဖို့ဘာရှိလဲ?"

"..........."

"ငါပြန်လာမှအပြင်ထွက်စားမှာလား။ပြီးတာပဲလေ အဲ့တာဆိုငါဘာမှမဝယ်ခဲ့တော့ဘူး"

"............"

"အေးအေး"

ဖုန်းချလိုက်ပြီးနောက်တိုက်ခန်းရှိရာသို့သာ စျာန်ပြန်လာခဲ့သည်။

ထိုသို့ပြန်လာနေရင်း လမ်းတွင်ဆိုင်တစ်ဆိုင်၌လူတစ်ယောက်ပြဿနာတက်နေကြောင်းသူမြင်လိုက်သည်။

"ဒါလေးကို အရင်ပေးလိုက်လို့မရဘူးလား?။ကျွန်တော်ပိုက်ဆံသွားယူပြီးရင် ပြန်လာခဲ့ပါမယ်။"

ဆိုင်ရှင်မှပြောလာသည်။

"မရဘူး။ပိုက်ဆံသွားယူပြီး ပြန်လာမှပေးမယ်"

ထိုသို့ဖြစ်ပျက်နေသောအခြေအနေကြား စျာန်ထိုနေရာသို့လျှောက်လှမ်းသွားကာပြောလိုက်သည်။

"ပေးလိုက်ပါ။ဒါဖိုးကျွန်တော်ရှင်းမယ်။ဘယ်လောက်ကျလဲ?"

သူ့စကားကြားတော့ ဆိုင်ရှင်ဖြစ်သူမှပြောလာသည်။

"၆၅၀၀"

စျာန်လည်း အိတ်ထဲကပိုက်ဆံကိုထုတ်ကာဆိုင်ရှင်အားပေးလိုက်သည်။

သူ့ဘေးကခုနကလူကတော့ ပစ္စည်းများကိုယူကာ ဘေးတွင်မတ်တပ်ရပ်နေသောကလေးနှစ်ယောက်ကို တစ်ယောက်တစ်ထုပ်ပေးလိုက်သည်။

"ညီလေးနဲ့ညီမလေး ဒါလေးစားလိုက်နော်။"

ထိုလူ့စကားအား ကလေးငယ်နှစ်ယောက်ကလည်းပြန်ဖြေလာသည်။

"ဟုတ်..ကျေးဇူးပါကိုကြီး"

ထိုသို့ပြန်ဖြေပြီး ကလေးလေးနှစ်ယောက်လည်းထွက်သွားလေသည်။ထို့အတွက် စျာန်လည်းထိုနေရာမှထွက်လာခဲ့သည်။

You are My Life《Completed》Tahanan ng mga kuwento. Tumuklas ngayon