Part-8

5.4K 267 13
                                    

Unicode...

ဘုန်းခန့်ဆင်းလာတော့ ဧည့်ခန်းထဲတွင်ထိုင်နေသောသွေးသစ်အားတွေ့လိုက်ရသည်။

"မင်းဒီနေ့ ရှုတင်မသွားဘူးလား?"

သူထိုသို့မေးတော့ သူ့အားလှည့်ကြည့်ကာဖြေလာသည်။

"ဟမ်..သွားမှာ..နေ့ခင်းမှ ဒီမနက်ပိုင်းမရှိဘူး"

"သြော်..ဒါဆိုငါသွားပြီ။ရာသီဥတုကပူတယ်အပြင်သွားရင် အပေါ်ထပ်ဝတ်"

"အင်းပါ"

ဦးဘုန်းခန့်ကြီးထွက်တော့မှ သွေးသစ်သက်ပြင်းချမိသည်။ဒီနေ့ရှုတင်ကတော့ရှိသည်။သို့ပေသည့်သူကမသွားတာဖြစ်သည်။ထိုလူအားထပ်မတွေ့ချင်၍။

အခုထိပြသနာရှာပုံမထောက်ရင်တော့ မင်းသားအသစ်ပြောင်းထားမှန်း ဦးဘုန်းခန့်ကြီးမသိသေးဘူးထင်သည်။

"အား....စိတ်ရှုပ်လိုက်တာကွာ!!"

သွေးသစ်ထိုသို့ပြောကာ ဆံပင်များအားထိုးဖွလိုက်ပြီးနောက် ဆိုဖာပေါ်တွင်ခြေကားယားလက်ကားယားနေမိသည်။

ထိုသို့နေမိနေရင်း အရှေ့ရှိစားပွဲပေါ်တွင်တင်ထားသည့်ဖုန်းမှအသံမြည်လာခဲ့သည်။

ဖုန်းနံပါတ်အားကြည့်လိုက်သည့်အခါ နံပါတ်စိမ်းတစ်ခု။ထို့အတွက်သူလည်းမကိုင်ဘဲဒီအတိုင်းထားလိုက်သည်။သုံးခါလောက်ခေါ်ပြီးသည့်နောက်တွင် message တစ်စောင်ဝင်လာလေသည်။ထို့နှင့်သွေးသစ် messageအားဖွင့်ကြည့်လိုက်သည့်အခါ ထိုသုတနိုင်ဆိုသည့်လူမှစာပို့ထားခြင်းဖြစ်သည်။

📩'သွေးသစ်..အစ်ကိုပါ..ဖုန်းကိုင်ပါ'

ထိုစာပို့ပြီးခဏအကြာ ဖုန်းcallထပ်ဝင်လာပြန်သည်။

ထိုဖုန်းcallအားလည်းသူမကိုင်ပေ။ထိုသို့မကိုင်ခြင်းအတွက် messageနောက်တစ်စောင်ထပ်ဝင်လာပြန်သည်။

📩'သွေးသစ်..ကိုင်ပါ။အစ်ကို့မှာမင်းကိုပြောစရာတွေအများကြီးရှိတယ်။တကယ်လို့မင်းမကိုင်ရင်..ကိုယ်မင်းရှိရာကို လာခဲ့မှာနော်'

ထိုစကားကြောင့် သွေးသစ်လည်းနောက်တစ်ခါခေါ်သည့် အခေါက်တွင်ကိုင်လိုက်သည်။သူ့ဘက်ကစမပြောဘဲတိတ်တိတ်သာငြိမ်နေမိသည်။

You are My Life《Completed》Where stories live. Discover now