Part-9

5.3K 269 16
                                    

Unicode....

သူရိန် တည်ကြည်၏ကုမ္ပဏီသို့လာရင်းကောင်လေးအား အမှတ်တမဲ့တွေ့လိုက်ရသည်။ထို့အတွက် အတည်ပြုရန်ကောင်လေးရှိရာနေရာသို့သွားလိုက်သည်။မျက်နှာအားရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ ဟုတ်ပါသည်သူရဲ့ကလေး ကျောပြင်မြင်ရင်တောင်သူမှတ်မိတာပေါ့။

"Hello...မတွေ့တာကြာပြီနော်"

ထိုသို့ နှုတ်ဆက်လာသောလူအားသက်တန့်ကြည့်မိလိုက်သည်။

"ဦးသူရိန်?"

"ဟုတ်တာပေါ့...မင်းကိုအဝေးကနေမြင်လိုက်လို့.."

"သြော်..ဒါနဲ့...ဦးသူရိန်က ဒီကိုဘယ်လိုလုပ်?"

"ဒီကုမ္ပဏီပိုင်ရှင် ဘုန်းခန့်တည်ကြည်က ကိုယ့်သူငယ်ချင်းလေ"

"သြော်.."

ထိုစကားကြောင့် သက်တန့် 'သြော်'ဟုသာပြောလိုက်မိတော့သည်။

"ဒါနဲ့...မင်းကရောဒီမှာအလုပ်လုပ်တာလား?"

"ဟုတ်တယ်..ကျွန်တော်က ဒီမှာအလုပ်လုပ်တာ။အစ်ကိုလေးသွေးသစ်ရဲ့ မန်နေဂျာပါ"

"ဟုတ်လား...။ကိုယ်တို့တွေရေစက်ရှိတယ်ထင်တယ်နော်..နေရာတိုင်းမှာအမြဲလိုလိုဆုံနေကြတယ်"

ထိုသို့ပြောကာ မျက်လုံးတစ်ဖက်မှိတ်ပြလာသောဦးသူရိန်ကြောင့် သက်တန့်ပြန်ဖြေမိသည်။

"ဒီအတိုင်းတိုက်ဆိုင်သွားတာနေမှာပါ"

"ဟိုတစ်ခါက...ကိုယ်မင်းကိုကမ်းလှမ်းတုန်းကအလုပ်ရှိတယ်လို့ပြောတော့...ကိုယ်တောင်ထွက်ရခက်တဲ့အလုပ်ဖြစ်မယ်လို့ထင်သွားတာ။အခုတော့ဒီမှာဆိုတော့...တကယ်လို့ မင်း ကိုယ်ကမ်းလှမ်းတာကိုပြန်လက်ခံချင်ရင်...ကိုယ်မင်းကိုဒီကထွက်လို့ရအောင် တည်ကြည့်ကိုပြောပေးမယ်လေ"

ဦးသူရိန်စကားကြောင့် သက်တန့်လည်းတစ်ချက်မျှရယ်ပြီးနောက်ပြောမိသည်။

"ဇွဲကြီးလှချည်လား..ဦးသူရိန်ရယ်။ကျွန်တော်အဲ့နေ့ကတည်းကပြောထားပြီးပါပြီ။ကျွန်တော် modelအလုပ်ကိုဝါသနာမပါဘူးလို့..အဲ့အတွက် ဦးသူရိန်ကျွန်တော့်ကိုဒီကအလုပ်ထွက်လို့ရအောင် ပြောပေးဖို့မလိုပါဘူး"

You are My Life《Completed》Donde viven las historias. Descúbrelo ahora