Part-19

6K 259 28
                                    

Unicode...

ဦးဘုန်းခန့်အနားသို့လျှောက်လှမ်းသွားပြီးကုတင်ခြေရင်းတွင်သူဝင်ထိုင်လိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်ဦးဘုန်းခန့်နဲ့ပတ်သတ်ပြီးဘာတစ်ခုမှမသိဘူး။ဦးဘာကြိုက်တတ်လဲဆိုတာ၊ဘယ်အရာတွေကိုမကြိုက်တတ်ဘူးဆိုတာ၊ဘယ်အချိန်မှာဘာလုပ်တတ်တယ်ဆိုတာ..။အမှန်တော့မသိခဲ့တာလို့ဆိုတာထက် အရင်တုန်းကကျွန်တော်မသိချင်ခဲ့‌တာလို့ပြောရင်ပိုမှန်မယ်။ဒါပေမယ့်အခု ဦးနဲ့ပတ်သက်ပြီးအရာအားလုံးကိုကျွန်တော်သိချင်တယ်။ကမ္ဘာပေါ်မှာဦးဘုန်းခန့်အကြောင်းကိုနားအလည်ဆုံး၊အသိဆုံးလူကကျွန်တော်တစ်ယောက်ထဲဖြစ်စေရမယ်။အဲ့တော့...ဦးအကြောင်းမှန်သမျှကို ကျွန်တော့်ကိုပြောပြပေးပါ အရာအားလုံးကိုကျွန်တော်မှတ်သားထားပါ့မယ်"

တရစပ်ပြောလာသောကောင်လေးစကားများကြောင့် ဘုန်းခန့်laptopအားဘေးနားချလိုက်ကာပြန်ပြောလိုက်သည်။

"ငယ်သိချင်ရင် ကိုယ်ပြောပြပါ့မယ်။ဒါပေမယ့် ကိုယ့်အတွက်နဲ့ဒါတွေကိုတရေးတယူမှတ်ထားစရာမလိုပါဘူး။"

"ဟင့်အင်း။ကျွန်တော်သိချင်တယ် ပြောပြပေး။"

"ကောင်းပြီ။ဒီနားလာ"

ဘုန်းခန့်သူ့ဘေးကနေရာကိုပုတ်ပြလိုက်တော့ ကောင်လေးကကုတင်ပေါ်တက်လာကာ သူ့ဘေးတွင်ဝင်ထိုင်လာသည်။ပြီးနောက်မှသူပြောလိုက်သည်။

"ကိုယ့်မိဘတွေက ကိုယ့်အသက်၂၀လောက်မှာဆုံးသွားတာ။ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်က ကိုယ့်ဖေဖေ့ကုမ္ပဏီကိုဆက်ခံခဲ့တယ်။အဲ့အချိန်တုန်းကတော့အရမ်းကိုပင်ပန်းခဲ့ရတာပေါ့။အသက်၂၀အရွယ်ကောင်လေးတစ်ယောက်ကိုအနည်းနဲ့အများတော့ လမ်းမှားမရောက်သွားအောင် ဆုံးမသွန်သင်ပေးဖို့၊ပြုပင်ထိန်းကျောင်းပေးဖို့မိဘတွေလိုအပ်တယ်လေ။ဒါပေမဲ့ကိုယ်ကတော့အဲ့အချိန်မှာ ကိုယ့်ကိုကိုယ်သာအားကိုးရင်း လမ်းမှားမရောက်သွားအောင်၊ကိုယ့်ကိုကိုယ်ထိန်းကျောင်းပြုပြင်ခဲ့ရတယ်။အဲ့အတွက်မေတ္တာကိုလည်း ကိုယ်လုံလုံလောက်လောက်မရခဲ့သလို၊သူတစ်ပါးအပေါ်မေတ္တာဘယ်လိုပြန်ပေးရမလဲဆိုတဲ့အကြောင်းကိုလည်း ကိုယ်မသိဘူး။ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ မေတ္တာတွေပေးခဲ့ပေမယ့်လည်း တခြားသူတွေအမြင်မှာတော့မှားယွင်းတဲ့မေတ္တာတရားတွေအဖြစ်သာထင်မြင်စေခဲ့မိတယ်။ဥပမာဆိုရရင် ငယ့်ကိုပေါ့"

You are My Life《Completed》Where stories live. Discover now