Part-16

5.7K 270 27
                                    

Unicode...

"မင်းတကယ်ကြီးသွားတော့မှာလား?"

လက်ထဲရှိအရက်ခွက်အားလှုပ်ကာ တစ်ငုံမျှမော့သောက်လိုက်ပြီးနောက် သူရိန်ပြန်ဖြေလိုက်သည်။

"အင်း ဟိုမှာပဲငါနေတော့မှာ။ဒီကိုပြန်လာဖြစ်ဖို့မသေချာတော့ဘူး"

"ဟုတ်ပါပြီ။ဘာအကြောင်းလဲဆိုတာတော့ငါမသိပေမယ့် မင်းအဆင်ပြေရဲ့လား?"

ဘုန်းခန့်အမေးအား သူရိန်ခပ်ဖွဖွရယ်ကာပြောလိုက်သည်။

"ပြေပါတယ်။အရာအားလုံးအဆင်ပြေပါတယ်။အဟက်! ငါတို့နှစ်ယောက်လုံးကအချစ်ရေးမှာ ကံမကောင်းကြဘူးပဲ။ဘာပဲဖြစ်ဖြစ်..မင်းကတော်သေးပါတယ် တည်ကြည်။မင်းတို့အိမ်ထောင်ရေးလည်း မြန်မြန်ပြန်ပြီးအဆင်ပြေပါစေလို့ငါဆုတောင်းပေးပါတယ်"

ဘုန်းခန့် အရှေ့ရှိသူငယ်ချင်းဖြစ်သူအားဘာမှမပြောပဲနှင့်ကြည့်နေမိသည်။

"လာပါ ဒါငါတို့အတူတူနောက်ဆုံးသောက်တဲ့အနေနဲ့ပျော်ပျော်သောက်ကြရအောင် cheer!!"

သူ့အား ခွက်မြှောက်ကာcheerလုပ်လာသည့်အတွက် ဘုန်းခန့်လည်းအရှေ့ရှိခွက်အားကောက်ကိုင်လိုက်ကာ ခွက်ချင်းတိုက်ပြီးနောက်မော့သောက်ချလိုက်သည်။

..........**************.......

ရန် laptopတစ်လုံးနှင့်အလုပ်လုပ်နေရင်း စားပွဲပေါ်သို့လာချပေးသောကော်ဖီခွက်ကြောင့်အလိုမကျစွာဖြင့်စားပွဲထိုးလေးအားပြောမိသည်။

"ညီလေး အစ်ကိုမှာထားတာAmericanoလေ?"

ထိုစကားကြောင့် ဝန်ထမ်းကောင်လေးကတောင်းပန်လာသည်။

"ah...sorryပါအစ်ကို ကျွန်တော်မှားသွားလို့ပါ။"

ထိုနည်းတူ တစ်ဖက်ဝိုင်းရှိသူ့အား‌ကျောခိုင်းထိုင်ထားသောလူတစ်ယောက်ဆီမှပြောသံကိုလည်း ရန်ကြားလိုက်ရသည်။

"မှာထားတာ Latteလေဘာလို့Americanoကြီးလာချပေးနေတာလဲ?"

ထိုစကားကြောင့် ရန်အံ့သြမိသွားသည်။

ဒီဆိုင်ကဝန်ထမ်းလေးတွေက ဒီနေ့မှဘယ်လိုဖြစ်နေသည်လဲ??

သူတို့နှစ်ယောက်ကို ကော်ဖီခွက်မှားချပေးမိတာလား??

You are My Life《Completed》Donde viven las historias. Descúbrelo ahora