Part-23

5.8K 239 24
                                    

Unicode...

ပြတင်းပေါက်ဘက်လှည့်ကာသူ့ကိုကျောပေးနေသောကိုမျိုးအား ဘုန်းခန့်ပြောလိုက်သည်။

"ကျွန်တော်ကပြန်တောင်ပြန်သွားပြီထင်တာ"

ဘုန်းခန့်စကားကြောင့် ကိုမျိုးလည်းသူ့ဘက်လှည့်လာကာပြောလာသည်။

"အပြင်မှာဒေါ်တင်တို့ရှိနေတော့ ပြောဖို့အဆင်မပြေလို့"

ထိုစကားကြောင့် ဘုန်းခန့်မျက်ခုံးများကိုအနည်းငယ်တွန့်ချိုးမိသည်။ထို့အတွက်သူသိချင်တာကိုသာတည့်တိုးမေးလိုက်သည်။

"သွေးသစ်ကဘာဖြစ်လို့လဲ?"

"ဘာဖြစ်တာလဲဆိုတဲ့အကြောင်းကို ငါလည်းစဥ်းစားနေတုန်းပဲ။ပြီးတော့..ငါကလည်းအဲ့ဘက်လိုင်းမဟုတ်တော့ သိပ်မသေချာတာလည်းပါတာပေါ့"

ကိုမျိုးထိုသို့ပြောပြီးနောက် ဘုန်းခန့်အားကြည့်ကာဆက်ပြောလိုက်သည်။

"ငါ့ခန့်မှန်းချက်ကတော့ သွေးသစ်မှာကိုယ်ဝန်ရှိနေတာထင်တယ်။ဒါပေမယ့်...သိပ်တော့လည်းမသေချာဘူး"

ထိုစကားကြောင့် ဘုန်းခန့်မျက်ခုံးများအားပိုမိုစွာတွန့်ချိုးမိသည်။

"မဖြစ်နိုင်တာ ကိုယ်ဝန်ကဘယ်လိုလုပ်??"

"အဲ့တာကြောင့် ငါလည်းမသေချာဘူးလို့ပြောတာပေါ့။မင်းတို့နှစ်ယောက်ဟိုတစ်ခါဖြစ်ပြီးနောက်ပိုင်း ထပ်ဖြစ်ကြသေးလား?"

ကိုမျိုးစကားရဲ့အဓိပ္ပာယ်ကို သူနားလည်သဖြင့်ပြန်ဖြေလိုက်သည်။

"အင်း "

"အဲ့တာဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ?"

ထိုအမေးကြောင့် ဘုန်းခန့်ပြန်စဥ်းစားကာဖြေလိုက်သည်။

"ကျွန်တော် ဟိုတစ်ခါUKသွားတုန်းကဆိုတော့ သုံးလလောက်ရှိပြီ"

ဘုန်းခန့်အပြောကြောင့် ကိုမျိုးခေါင်းညိတ်ကာသေချာစဥ်းစားပြီးထပ်မေးလိုက်သည်။

"အခုတလောသွေးသစ်က ခဏခဏခေါင်းမူးတယ်။အစားစားချင်စိတ်သိပ်မရှိဘူး။ပင်ပန်းတယ်လို့ပြောတာကြားမိလား?"

You are My Life《Completed》Dove le storie prendono vita. Scoprilo ora