Part-18

6.3K 272 32
                                    

Unicode...

ဘုန်းခန့် အခန်းထဲသို့ဝင်လာသောအခါ ကုတင်ပေါ်တွင်ထိုင်နေသောသွေးသစ်အားတွေ့လိုက်သည်။အခုထက်ထိမနက်ကဝတ်ထားသောsuitကိုမလဲရသေးပုံပေါက်ရင် ထိုကောင်လေးပွဲကနေထွက်သွားပြီးကတည်းကဒီကိုတန်းလာသည်ထင်သည်။ထို့နှင့်ဘုန်းခန့်လည်း လက်ထဲကအိတ်ကိုစားပွဲခုံပေါ်တွင်တင်လိုက်ပြီးအပေါ်ထပ်coatအားချွတ်လိုက်ကာ နက်(စ်)ကတိုင်အားဖြည်လျော့လိုက်သည်။ပြီးနောက် သွေးသစ်ကိုမကြည့်ပဲသူပြောလိုက်သည်။

"အခုတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်အိမ်ပေါ်ပြန်တက်လာပြီပေါ့?"

ထိုသို့ပြောပြီး အရှေ့ဝရန်တာနားသို့ထွက်ကာစီးကရက်တစ်လိပ်အားမီးညှိလိုက်ပြီးနောက် တစ်ရှိုက်မျှရှိုက်ဖွာလိုက်ကာ အငွေ့များအားလေထဲသို့မှုတ်ထုတ်မိသည်။

သွေးသစ် မနက်ကတည်းကဒီအိမ်သို့ပြန်လာပြီးအခန်းထဲတွင်ထိုင်စောင့်နေခြင်းပင်။ထိုလူကြီးကတော့ဝင်လာလာပြီးခြင်း သူ့အားစကားတစ်ခွန်းသာပြောလေသည်။ထို့အတွက်ထိုင်နေရာမှထကာ ထိုလူကြီးရှိရာဘက်သို့ကြည့်မိတော့ဆေးလိပ်သောက်နေသည်ကိုတွေ့လိုက်ရသည်။

အရင်တုန်းကထိုလူကြီးဆေးလိပ်သောက်တာသူတစ်ခါမှမတွေ့ဘူးပေ။သောက်တောင်မသောက်ဘူးဟုထင်ထားခဲ့တာ။အခုမှသောက်တတ်မှန်းသူသိရသည်။

အပြင်ဘက်ရှုခင်းများကိုကြည့်ကာဆေးလိပ်သောက်နေသော ဦးဘုန်းခန့်၏ကျောပြင်ကိုကြည့်ပြီးသွေးသစ်ပြောလိုက်သည်။

"ခင်ဗျားနဲ့မလွန်းအိန္ဒြာနဲ့က တကယ်ပြန်တွဲနေတာလား??"

ထိုစကားကြောင့် ဘုန်းခန့်ပြန်မေးမိသည်။

"ဘာလို့လဲ?"

"ဘာဘာလို့ရမှာလဲ?...ကျွန်တော့်ကိုမကွာရှင်းရသေးပဲနဲ့ အခုလိုတစ်ခြားတစ်ယောက်နဲ့တွဲနေတာ သူများအမြင်မှာကောင်းမလား?"

ဘုန်းခန့် ဆေးလိပ်အားတစ်ရှိုက်ထပ်ဖွာလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ပဲပြန်မေးလိုက်သည်။

"မင်းကတကယ်ပဲ...ကွာရှင်းချင်နေတာလား?"

ထိုစကားကြောင့် သွေးသစ်မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။

You are My Life《Completed》Where stories live. Discover now