Extra-4

6.3K 176 7
                                    

Unicode...

ဘုန်းခန့် သူ့အရှေ့တွင်သိသိသာသာကိုမျက်နှာအမူအရာပျက်ယွင်းနေသေရာထိုသူမအားခုံကိုနောက်သို့မှီကာ လက်ပိုက်၍ကြည့်နေလိုက်သည်။

sprayကိစ္စလုပ်တဲ့သူကိုစုံစမ်းဖော်ထုတ်ရင်းနဲ့ထိုသူမနဲ့ပတ်သတ်တဲ့အရေးကြီးတဲ့ကိစ္စတစ်ခုကိုပါ ဘုန်းခန့်သိခဲ့ရသည်။

"ဟို...ဦးဘုန်းခန့်ဘာတွေပြောနေမှန်းဝတီနားမလည်ဘူး"

အခုထိမသိချင်ယောင်ဆောင်နေသောကြောင့် ဘုန်းခန့်စိတ်မရှည်ဖြစ်လာတာကတော့အမှန်ပင်။

"မင်းကအခုထိမသိချင်ယောင်ဆောင်နေတုန်းပဲလား။ok..ဒါဆိုငါကအကုန်ပြောပြရတော့မှာပေါ့..."

"လွန်ခဲ့တဲ့ငါးနှစ်က...အနုပညာလောကထဲမှာသတင်းတစ်ခုကအရမ်းကိုနာမည်ကြီးခဲ့တယ်။"

ဘုန်းခန့်ထိုအထိသာပြောပြီး အရှေ့ရှိထိုသူမကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးမှဆက်ပြောလိုက်သည်။

"တက်သစ်စသရုပ်ဆောင်မင်းသားတစ်ယောက်က အနုပညာလောကထဲကအမျိုးသားတစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့အကြောင်းပဲ"

ထိုစကားကြောင့် ဝတီထပ်မံ၍အံ့ြသတုန်လှုပ်မိသွားသည်။

ဒီကိစ္စက...

"ဒီလောက်ဆိုရင်တော့ မင်းသိလောက်ပြီထင်ပါတယ်။အဆုံးအစွန်ထိမသိချင်ယောင်ဆောင်ပြီးငြင်းနေမယ်ဆိုရင်တော့ ငါသိပ်စိတ်ရှည်တော့မှာမဟုတ်ဘူးနော်"

"ပြောစမ်းပါအုံး။သွေးသစ်ကိုအဲ့သတင်းနဲ့နာမည်ကျသွားအောင်လုပ်ဖို့အတွက် မင်းဘာတွေဘယ်လောက်တောင်လုပ်ခဲ့ရသလဲ။ငါရှာဖွေတွေ့ရှိလိုက်တာကတော့ အဲ့သတင်းအယ်ဒီတာချုပ်နဲ့မင်းရဲ့ ခွေးဇာတ်ခင်းတဲ့အကြောင်းတွေကိုပဲ"

ဝတီထိုစကားများကိုနားထောင်မိရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိသည်။

"ရှင်!...ရှင်ဒီအကြောင်းတွေကိုဘယ်လိုသိလာတာလဲ။"

ထိုစကားကြောင့် ဘုန်းခန့်ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"မင်းသာသူ့ကိုမထိခဲ့ဘူးဆိုရင် မင်းရဲ့စောက်ရေးမပါတဲ့အကြောင်းတွေကိုစုံစမ်းမိမှာမဟုတ်သလို ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုလည်းငါသိလာမှာမဟုတ်ဘူး"

You are My Life《Completed》Tempat cerita menjadi hidup. Temukan sekarang