Part-26

5.8K 217 17
                                    

Unicode....

ဘုန်းခန့် ကောင်လေးယူခိုင်းသည့်ပစ္စည်းအားသွားယူပြီးဆင်းလာချိန်တွင် ဧည့်ခန်းထဲတွင်သွေးသစ်အားမတွေ့ရတော့ပေ။ထမင်းစားခန်းထဲမှမိဖြူ၏အော်သံကြောင့် သူထိုနေရာသို့သွားကာကြည့်မိသည်။မြင်လိုက်ရသည်က စားပွဲအစွန်းကိုအားပြုကာမတ်တပ်ရပ်နေရသောသွေးသစ်၊အောက်တွင်ပြန့်ကျဲနေသောဖန်ကွဲစများနှင့်ကောင်လေး၏ခြေဖဝါးတွင်ထွက်နေသောသွေးများပင်။

ထို့အတွက်ကောင်လေးအနားသို့သူသွားလိုက်သည်။

"ငယ် ဘယ်လိုဖြစ်တာလဲ??"

အနားသို့ရောက်လာသော ဦးဘုန်းခန့်ကြောင့်သူပြောမိသည်။

"အာ့..ကျွန်တော်ဖန်ကွဲစတက်နင်းမိသွားလို့။ခြေထောက်ကအရမ်းနာနေတယ်။ထောက်လို့မရဘူး"

"ခဏလေး ကိုယ်ချီမယ်"

ကောင်လေးအား ပွေ့ချီလိုက်ကာအခန်းရှိရာသို့တက်လာခဲ့သည်။

အနောက်တွင်ဂေါ်ပြားကိုင်ကာကျန်ခဲ့သည့်မိဖြူကတော့ သူမလုပ်မိလိုက်သည့်အမှားကြောင့် ဒူးတွေတဆတ်ဆတ်တုန်ကာကျန်ခဲ့လေသည်။

.
.
.
.

ကိုမျိုးအား ဖုန်းအမြန်ဆက်ကာလာခိုင်းလိုက်ရသည်။

ကိုမျိုးကသွေးသစ်ခြေထောက်အား ပတ်တီးစီးပေးပြီးနောက်ပြောလာလေသည်။

"ဘယ်လိုတွေတောင်ဖြစ်ရတာလဲ ဘုန်းခန့်ရယ်။မင်း..သွေးသစ်ကိုသေချာဂရုမစိုက်ဘူးလား"

ကိုမျိုးစကားအား သွေးသစ်ပြန်ဖြေမိသည်။

"ဦးဘုန်းခန့်ကြောင့်မဟုတ်ပါဘူး။ကျွန်တော့်ဘာသာဗိုက်ဆာလို့ပန်းသီးသွားယူရင်း အောက်ကဖန်ကွဲစတွေကိုမမြင်ဘဲ တက်နင်းမိလိုက်တာပါ"

ကိုမျိုးကသက်ပြင်းတစ်ချက်ချပြီးနောက် ပြောလာလေသည်။

"အင်းပါ။နောက်အခါဆိုရင်တော့ ပိုဂရုစိုက်ပေါ့။ပြီးတော့ အခုကအနာအရှိန်နဲ့ညကျရင်ဖျားလောက်တယ်။အဲ့အတွက်ငါဆေးပေးခဲ့မယ်။အခုတစ်ကြိမ်၊ညကျရင်တစ်ကြိမ်။တကယ်လို့ညလယ်လောက်မှာဖျားလာရင်လည်း တစ်ကြိမ်ထပ်တိုက်လိုက်။ကိုယ်ဝန်နဲ့ဆိုတော့ အကိုက်အခဲပျောက်ဆေးအပြင်းစားတွေတိုက်လို့မရဘူး။အဲ့အတွက် ညကျရင်သူဖျားမှာတော့အသေအချာပဲ"

You are My Life《Completed》Tempat cerita menjadi hidup. Temukan sekarang