Daddy သား Hyung ကိုလက်ထပ်တော့မယ်´
'ဘယ်လို သား?´
'ဟုတ်တယ်Appa သား Hyung နဲ့လက်ထပ်ထားချင်တယ်ဒါမှကျွန်တော်စိတ်ချနိုင်မယ်Appa ´
Byunnee ထံမှမွေးနေ့လက်ဆောင်အဖြစ်တောင်းဆိုစရာရှိသည်ဟုသောစကားကြားထဲကသိပ်မရိုးသားဘူးလို့ထင်ခဲ့မိတာ ။ အခုတော့ ဒင်းကဒီလိုကို ။ ဘယ်သူနဲ့တူလို့များငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်လုပ်ချင်ရသည်မသိ ။ လူကြည့်တော့ဒီနှစ်မှအထက်တန်းစတက်တဲ့အထက်တန်း ပထမနှစ်ကျောင်းသား ။ ကျွန်တော်တောင်လူကြီးနဲ့လက်ထပ်တုန်းကအထက်တန်းနောက်ဆုံးနှစ်ပါ။ သိပ်မကွာပါဘူး ၂နှစ်ထဲပါလေ ။ နားလည်ပေးရမှာပေါ့။
'Appaပေးပါရစေဦးသားရဲ့ XiaoHunလေးကိုသားကဘာလို့စိတ်မချရတာလဲ XiaoHunလေးကသားကိုအတော်ချစ်ရှာတာကို´
' Hyung ကိုစိတ်မချတာမဟုတ်ဘူး Appaရေကျောင်းကယွပိုးထနေတဲ့မိန်းမတွေကိုစိတ်မချတာ သူတို့က Hyungဘေးနားမှာကိုဝေ့ပြ မြူဆွယ်ပြနေတာ မတော်Hyung စိတ်ယိုင်သွားရင်သားပဲရင်ကျိုးရမှာ Hyung ကစိတ်မယိုင်ဘူးပဲထား အဲ့မိန်းမတွေက Hyung ကိုကားတင်ပြေးမယ့်ရုပ်တွေဗျ´
(ParkByun သည်အချဉ်မဟုတ်ပါ😂)
' သားရယ်သားစိတ်ထင်လို့နေမှာပါ Appa တို့ပြောထားပြီးပြီပဲအထက်တန်းပြီးရင်လက်ထပ်ပေးမှာပါလို့ ´
'အေးလေသားရယ်Daddyတို့ပြောထားတဲ့အတိုင်းနေလိုက်ပါဦးကွာ ခဏပဲလေ ခဏလေးပဲထပ်သိခံပြီးစောင့်ပေး´
'Appa တို့ကဘာသိလို့လဲဗျကျောင်းတက်ကတဲ့သူကသားပါဗျ ဒီကောင်Byunnee ရင်ထဲမှာနေ့တိုင်းအလိုလိုမီးတောက်နေရတာ Daddy တို့မှမသိတာဗျ ကျွန်တော့မျက်စိရှေ့မှာ Hyung ကိုအမျိုးမျိုးလာမြူဆွယ်နေတဲ့မိန်းမတွေကို ဒါငါ့ချစ်သူပါလို့လက်ဆုပ်လက်ကိုင်ပြခွင့်မရှိတဲ့ ParkByun ရင်ထဲကိုလဲဝင်ကြည့်ပေးကြပါဦး ဒီကောင့်နှလုံးသားကအသွေးနဲ့အသားနဲ့ရှင်သန်နေရတာပါကျောက်ခဲနှလုံးသားမဟုတ်ဘူးဗျ ´
YOU ARE READING
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...