......"."...."
ကျောင်းသားဖြစ်သည့်အတွက် အနောက်တိုင်းဝတ်စုံတော့မရှိလေတဲ့ကျွန်တော့အဖို့မှာတော့ တီရှပ်လက်တို အနက်ရောင်ခပ်နွမ်းနွမ်းလေးဖြင့် ဂျင်းဒူးပြဲ Sky Blue ဖြင့်တွဲဖက်ဝတ်ဆင်လိုက်ပြီး အပေါ်ထက်အဖြစ် လိမ္မော်ရောင်ဖြငိ့အနက်ရောင်တို့အားကွက်ထားသည့် ရှပ်အင်္ကျီလက်ရှည်အားထပ်၍၀တ်ကာ လုံးလုံးကလေးဖြစ်နေသည့်ဆံပင်လေးအားပို၍ကြည့်ကောင်းစေရန် လက်နှစ်ဖက်ဖြင့်သပ်တင်လိုက်ကာ...
"Aigoo Byun BaekHyun ဟေ့ကောင် မင်းအရမ်းပြည့်စုံသွားပြီ...အလုပ်ကို သွားကြစို့...hajar hajar Fighting "
ကိုယ့်ကိုယ်ကို အားပေးလိုက်ရင်း အဖွားအတွက် နံနက်စာ နေ့လည်စာတို့အားပြင်ဆင်ပေးလိုက်ပြီး...
"Ms.Byun BaekBaek အလုပ်သွားတော့မယ်နော်...စားပွဲပေါ်မှာ နံနက်စာနဲ့နေ့လည်စာအတွက်ပြင်ဆင်ပေးထားခဲ့တယ်နော်...."
အိမ်ရှေ့ဖိနပ်ချွပ်တွင် ဖိနပ်ကြိုးချည်လိုက်ရင်း ကြားနိုင်သည့်အနေအထားထိ အသံမြင့်၍ပြောလိုက်ကာ.. ဘေးတွင်ချထားသည့် တစ်လုံးတည်းသောအဖိုးတန် ကျောပိုးအိတ်လေးအား ကောက်လွယ်ကာ ......
ပေါ့ပါးလို့နေသည့်ခြေလှမ်းတို့ဦးတည်ရာသည် အိမ်နှင့်အလှမ်းဝေးလွန်းသည့် Bus မှတ်တိုင်လေးရှိရာဆီသို့ဦးတည်လို့.....
Bus မှတ်တိုင်ရောက်ရှိလေပြန်တော့လဲ မှတ်တိုင်တွင်ရုံးချိန်မို့ထင်ပါရဲ့ဗျာ ၀န်ထမ်းတွေကပြည့်ကြပ်လို့
ကျွန်တော်စီးရမည့် 461 ဆိုသည့် Bus ဆိုက်ရောက်လာလေတော့အတင်းတိုးကြိတ်၍မနည်းတက်ခဲ့ရလေ၏....
ကုမ္ပဏီ ရှိရာဆီသာအမြန်ရောက်ရန်ဆုတောင်း၍သာနေမိသည့်အထိ ရပ်ရသည့်နေရာလေးသည် ခြေထောက်တစ်ချောင်းပင် ကောင်းကောင်းချရပ်၍မရနိုင် ဂင်ချီ သိပ်နေသည့်အလား ကျွန်တော့ခန္ဓာကိုယ်က အရိုးတွေအသားတွေပင် တစ်စစီပြုတ်ထွက်ကုန်သည့်အလား...
![](https://img.wattpad.com/cover/158808086-288-k466078.jpg)
YOU ARE READING
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...