မမြင်နိုင်တဲ့အဝေးတစ်နေရာကနေ လွမ်းဆွတ်တမ်းတနေရမယ့်အစား......။မြင်န်ိုင်လောက်တဲ့နေရာလေးမှာ အတူတူနေပြီး နာကျင်မှု့တွေကိုအတူ မျှဝေခံစားပါရစေ.....။
°°°°°°°°°°°°°°°°°°°°
'Hun ah တာဝန်ခံဆရာဝန်ကို သွားခေါ်ပေးပါ Baekhyunလေးသတိလစ်သွားပြီ´
မဖြစ်ရဘူးလေ Baekhyun ah မင်းရဲ့သားသားကလေးကို လူ့လောကထဲဆွဲခေါ်ဖို့အတွက်မင်းအားတွေရှိနေရမယ်လေ။
မျက်ကွင်းညိူညိုတွေနှင့်ပါးရိုးတွေပင်ကျနေပြီဖြစ်တဲ့ ရင်ခွင်ထဲ၌မှေးစက်နေသောကောင်လေးငယ်အား စိတ်ထဲမှ အမိန့်တ်ို့ အစီအရီမကျပါပဲပေးနေမိသည်။
Park Chan Yeol Ssi ခင်ဗျာ့လဲ ပြန်နိုးထလာရမယ်လေ ။ ခင်ဗျာ့ သားနဲ့ ခင်ဗျာ့ချစ်သူကို ပြစ်ပြီးကိုယ်လွတ်ရုန်းထွက်သွားခွင့်မရှိဘူးလေ။
'Baekhyun ah Baekhyun Baekhyun ah သတ်ိထားဦးလေ´
ညိမ်သက်နေသည့်ခန္ဓာကိုယ်လေးအား အကြိမ်ကြိမ်အခါခါလှုပ်ရမ်းနှိုးနေသော်လဲ ။ မျက်ခွံမို့မို့လေးတွေပင်လှုပ်ခက်ခြင်းမရှိပါ။
Baekhyunလေးမေ့နေရင်မနက်ဖြန်။ Arnyi ခုည ၁၁ခွဲဆိုတော့ မနက်ဖြန်မနက်၆နာရီခွဲခန်းဝင်ရတော့မှာမဟုတ်လား ။ ၁ရက်ပင်မလိုတော့တဲ့အချိန်ပိုင်းလေးအတွင်းမှာမေ့နေလို့မဖြစ်။ လူ့လောကထဲရောက်မလာသေးသည့်ကလေးလေး၏ ဘ၀က Baekhyun ၏လက်ခုပ်ထဲကရေအလားပင်။
ကျေးဇူးပြုပြီး နိုးထလာခဲ့ပါတော့ ။
လမ်းကြောင်းအလည်တည့်တည့်တွင်ထိုင်ချကာ ရင်ခွင်ထဲက Baekhyunလေးကို အားရှိသလောက်လှုပ်နှိုးနေမိသည်။ ဖြတ်သွားဖြတ်လာသူတွေကပင်အရူးတစ်ယောက်လို ကျွန်တော့အား လှည့်ကြည့်လှည့်နှင့်ဖြတ်လျှောက်သွားကြသည်။
သွေးသားမတော်စပ်ပေမယ့်လဲ Hunပြောပြထားသည့်အတွက်Baekhyunလေး၏ဘ၀ကိုသိနေသည်။ Baekhyun နဲ့ Park Chan Yeol သည်လဲလွယ်လွယ်နှင့်ချစ်ခဲ့ကြသည့်သူတွေမှမဟုတ်လေတာ ။

CZYTASZ
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...