ep2 (Unicode)

10.2K 391 9
                                    

ကျောင်းသားဖြစ်​သည့်​အတွက်​အ​နောက်​တိုင်းဝတ်​စုံ​တော့မရှိ​လေတဲ့ကျွန်​တော့အဖို့မှာ​တော့ တီရှပ်​လက်​တို အနက်​ရောင်​ခပ်​နွမ်းနွမ်း​လေးဖြင့်​ဂျင်းဒူးပြဲ Sky Blue ဖြင့်​တွဲဖက်​၀တ်​ဆင်​လိုက်​ပြီး အ​ပေါ်ထက်​အဖြစ်​လိ​မ္မော်​ရောင်​ဖြငိ့အနက်​ရောင်​တို့အားကွက်ထားသည့်​ရှပ်​အင်္ကျီလက်​ရှည်​အားထပ်​၍၀တ်​ကာ လုံးလုံးက​လေးဖြစ်​နေသည့်​ဆံပင်​လေးအားပို၍ကြည့်​ကောင်း​စေရန်​လက်​နှစ်​ဖက်​ဖြင့်​သပ်​တင်​လိုက်​ကာ...

"Aigoo Byun BaekHyun​ဟေ့​ကောင်​မင်းအရမ်းပြည့်​စုံသွားပြီ...အလုပ်​ကို သွားကြစို့...hajar hajar Fighting "

ကိုယ့်​ကိုယ်​ကို အား​ပေးလိုက်​ရင်း အဖွားအတွက်​နံနက်​စာ​နေ့လည်​စာတို့အားပြင်​ဆင်​ပေးလိုက်​ပြီး...

"Ms.Byun BaekBaek အလုပ်​သွား​တော့မယ်​နော်​...စားပွဲ​ပေါ်မှာ နံနက်​စာနဲ့​နေ့လည်​စာအတွက်​ပြင်​ဆင်​ပေးထားခဲ့တယ်​နော်​...."

အိမ်​ရှေ့ဖိနပ်​ချွပ်​တွင်​ဖိနပ်​ကြိုးချည်​လိုက်​ရင်း​ကြားနိုင်​သည့်​အ​နေအထားထိ အသံမြင့်​၍​ပြောလိုက်​ကာ..​ဘေးတွင်​ချထားသည့်​တစ်​လုံးတည်း​သောအဖိုးတန်​ကျောပိုးအိတ်​လေးအား​ကောက်​လွယ်​ကာ ......

​ပေါ့ပါးလို့​နေသည့်​ခြေလှမ်းတို့ဦးတည်​ရာသည်​အိမ်​နှင့်​အလှမ်း​ဝေးလွန်းသည့်​Bus မှတ်​တိုင်​လေးရှိရာဆီသို့ဦးတည်​လို့.....

Bus မှတ်​တိုင်​ရောက်​ရှိ​လေပြန်​တော့လဲ မှတ်​တိုင်​တွင်​ရုံးချိန်​မို့ထင်​ပါရဲ့​ဗျာ ၀န်​ထမ်း​တွေကပြည့်​ကြပ်​လို့

ကျွန်​တော်​စီးရမည့်​461 ဆိုသည့်​Bus ဆိုက်​ရောက်​လာ​လေ​တော့အတင်းတိုးကြိတ်​၍မနည်းတက်​ခဲ့ရ​လေ၏....

ကုမ္ပဏီ ရှိရာဆီသာအမြန်​ရောက်​ရန်​ဆု​တောင်း၍သာ​နေမိသည့်​အထိ ရပ်​ရသည့်​နေရာ​လေးသည်​ခြေ​ထောက်​တစ်​ချောင်းပင်​ကောင်း​ကောင်းချရပ်​၍မရနိုင်​ဂင်​ချီ သိပ်​နေသည့်​အလား ကျွန်​တော့ခန္ဓာကိုယ်​က အရိုး​တွေအသား​တွေပင်​တစ်​စစီပြုတ်​ထွက်​ကုန်​သည့်​အလား...

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now