Baby Babyရေ Baby လို့"
ဒီလူကြီးနဲ့တော့ ဒုက္ခ ပါပဲနော်။
သန့်စင်ခန်းလေးတောင်ဖြောင့်အောင်၀င်ချိန်မရှိတဲ့ဘ၀။
လူကြီးရယ်မချစ်တော့လဲမချစ်ဘူး ချစ်တော့လဲအသက်ရှူတောင်မချောင်ပါလားနော်။
"လာပြိ်ီ လူကြီးရေ ခဏလေးပါ Baby အီအီးပါနေလို့ပါဖြောင့်အောင်ပါ ပါရစေဦးဗျာ"
"အာ Ok Baby ကိုယ်မသိလိုက်လို့ပါ ပြီးရင်ကိုယ့်ဆီလာနော်ပြောစရာရှိတယ်"
ဟုတ်တယ်သူ့ဆီမသွားလို့ဘယ်သွားရမှာလဲ။
တစ်နေ့တစ်နေ့ ဒီအိမ်ကြီးနဲ့ လူကြီးရင်ခွင်ကလွဲရင်ဘယ်များသွားရလို့လဲ။
ရေအိမ်ကိုဆွဲချလိုက်ပြီး။ လက်သေချာသန့်ရှင်းကာ။
လူကြီးရှိရာ ကုတင်ထပ်သို့ တက်သွားလိုက်လေသည်။
"Aigoo လာပါဦး ကိုယ့်Babyလေးကိုလွမ်းနေတာ"
အယ့်လဲ့ လုပ်တာပါတဲ့။
သန့်စင်ခန်းဝင်တာအလွန်ဆုံးကြာ ၁၅မိနစ်ပေါ့ ဘယ့်နှယ့်ဗျာ ဒီအချိန်လေးကိုလွမ်းတယ်တဲ့ဗျာ။
ရှိစေတော့နားလည်ပေးလိုက်မယ်။
ကျွန်တော်လဲ လွမ်းနေတာမို့။
"လူကြီးနော်Overတွေသိပ်လုပ်တာပဲ ဟွင့်"
လူကြီးရဲ့ Over အိုက်တင်တွေထဲမှာဟော့ဒီက Byun Baek Hyun တို့ကအသက်ပျောက်မတက်ကြွေနေပါပြီနော်။
"Baby ဒီမှာကြည့်ဦး"
လူကြီးပြသည့်Laptop screen ထပ်သို့ကြည့်လိုက်ရာ။
ပါးဖောင်းဖောင်းဗိုက်စူစူကလေးနှင့်အသားဖြူဖြူမွေးကင်းစသားသားကလေး။
"ချစ်စရာလေးနော်လူကြီး "
ကျွန်တော့၏ တစ်ချိန်ကအိမ်မက်ကလေး။
လူကြီးနှင့်ကျွန်တော်နှင့်ပါတူသော သားသားသလေးဖြစ်စေ မီးမီးကလေးဖြစ်စေမွေးဖွားဖို့ရာ။
YOU ARE READING
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...