Ep #22#

23.8K 727 97
                                    

..........

နာကျင်​စရာ​တွေအဆုံးသက်​ပြီထင်​​နေခဲ့မိသည်​။

နာကျင်​စရာ​တွေကပိုများလာခဲ့သည်​ပဲ။

ဘယ်​​တော့များမှ သာယာလှပတဲ့ ဘ၀​လေးတစ်​ခုပိုင်​ဆိုင်​ပြီး။

ငြိမ်းချမ်းပြီးပြည့်​စုံ​နေတဲ့ ​အေးချမ်း​ပျော်​ရွှင်​တဲ့မိသားစုဘ၀​လေးကို ။

ပိုင်​ဆိုင်​ခွင့်​ရှိပါ​တော့မလား ကံတရားရယ်​ ။

>>>>>>>>>>

"လူကြီး ထ​တော့ လူကြီး Com သွားရမယ့်​အချိန်​​ရောက်​​နေပြီ "

ဒီလူကြီး​နဲ့​တော့ ဒုက္ခပါပဲ မ​သောက်​စဖူးမ​နေ့ညက Com party မှာမူးပြဲ​နေ​အောင်​​သောက်​ပြီးပြန်​လာသည်​​လေ။

တစ်​ညလုံးလဲရစ်​လိုက်​တာလွန်​ပါ​ရော ။

ဂျပန်​မူလီ​တောင်​သူ့​လောက်​မရစ်​နိုင်​ဘူး တကယ်​။

မနက်​ပိုင်းကမှ နည်းနည်းလူစိတ်​​ပြန်​၀င်​လာပြီး ငြိမ်​သွားတာ ။

တောင်းပန်​ပါတယ်​ စိတ်​မဆိုးပါနဲ့ လို့​တောင်းပန်​ပြီးအိပ်​​ပျော်​သွား​လေတာ ။

ခုကြည့်​ ၇နာရီထိုး​​နေပြီမထ​သေးဘူး ။ Com မှာအ​ရေးကြီးတဲ့ Meeting ရှိတယ်​လဲ​ပြော​သေးတယ်​ ။ ခုထိလဲမ​ထ​သေးဘူး ။

"လူကြီး လူကြီး ​ယောကျာ်း​ရေ ​ယောကျာ်း ထ​တော့​လေ ​နော်​ ​နော်​ လိမ္မာတယ်​ ​ယောကျာ်းက ထ​တော့ "

"Ummm အွန်း~~~ အီး~~~ အင့်​ Baby "

နိုးလာပါပြီ လူးလိမ့်​ပြီး ။ ဆံပင်​​တွေရှုပ်​ပွပြီး ။ မျက်​လုံးပြူးပြုးက​လေးနဲ့ ။ အား အူ​တွေယားလိုက်​တာ​ဗျာ ။

တီရှပ်​အဖြူြေ​ဗာင်​လက်​တို​လေးနှင့်​အတူ ​။ ​ပေါင်​တစ်​၀က်​သာရှိ​သော​ဘောင်းဘီတိုအဖြူ​လေးဝတ်​လို့ထားသည့်​လူကြီးအသွင်​အပြင်​ဟာ ။ ကျွန်​​တော့အတွက်​​တော့ မြတ်​နိုးမ၀ တန်​ဖိုးဖြတ်​မရနိုင်​တဲ့ မြင်​ကွင်း​လေးတစ်​ခုသာ။

"အင်း​တွေ အဲ​တွေလုပ်​မ​နေနဲ့ ထ​တော့ သွား​ရေသွားချိုး​ချေ​တော့ Com သွားဖို့​နောက်​ကျ​နေပြီ ပြီးရင်​​အောက်​ဆင်းခဲ့ မနက်​စာပြင်​ထားပြီး​နေပြီ"

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now