Ep #12#

29.1K 947 39
                                    

.....

"ဘာ​ကြောင့်​လဲ လူကြီး"

ကောင်​​လေးရဲ့အ​မေးစကားအား ဘယ်​နည်းဖြင့်​​ပြန်​လည်​​ဖြေးကြားရန်​သင့်​​တော်​မည်​လဲ ဟူ​သော စကားတစ်​ချို့ကိုမှီရာလက်​လှမ်းရန်​​တွေးမိ​သော်​လဲ။

တကယ့်​ တကယ်​ ထွက်​လာ​လေသည့်​စကားလုံးတို့က​တော့။

"မင်း အဖွား ကျန်းမာ​ရေးက အ​ခြေအ​နေမ​ကောင်း​တော့ဘူး"

ဆို​သော တုံးတိတိစကားသာ။

"အာ Ms.Byun ​တောင်​ကျွန်​​တော့ကိုတစ်​​ယောက်​ထဲထားခဲ့ပြီး ​လောကကြီးထဲက​နေထွက်​ခွာသွား​တော့မှာပဲ"

ဝမ်းနည်းသွားသည်​ထင်​ပါရဲ့ Puppy Eye ​လေးထဲတွင်​ရစ်​သိုင်းလာသည့်​ မျက်​ရည်​ကြည်​ကြည်​တို့က ​ကောင်​​လေးနှင့်​မလိုက်​ဖက်​စွာ ပြည့်​အိုင်​လို့လာ၏။

ကောင်​​လေးရယ်​ ​ကျေးဇူးပြုပြီးမင်းရဲ့မျက်​ရည်​​တွေကို တာကျိုးသလိုလွှတ်​မချလိုက်​ပါနဲ့ကွာ။

"Miya..Miyanhae ​ကောင်​​လေး"

ကျွန်​​တော်​ ​တောင်းပန်​သင့်​တယ်​မဟုတ်​လား။

ကျန်းမာ​ရေးချို့တဲ့သည့်​အဖွားအိုကို​စောင့်​​ရှောက်​​ပေးရင်း အလုပ်​အ​ကျွေးပြု ​နေသည့်​​မြေးဖြစ်သူကိုမှ ကျွန်​​တော်​ကအပိုင်​သိမ်းပြီး အဖွားနဲ့ခွဲ​နေ​စေခဲ့သည်​​လေ။

နောက်​ဆုံး အချိန်​​ရောက်​​တော့မှ သွားခွင့်​ပြုသည့်​ကျွန်​​တော့ အတ္တ​ကြောင့်​ ​ကောင်​​လေးနှင့်​သူ့အဖွား အလွမ်းသယ်​ဖို့အချိန်​​ရောရှိပါ​သေးရဲ့လား။

"Wae ? လူကြီးကဘာလို့ ​တောင်းပန်​ရတာလဲ လူကြီး​တောင်းပန်​ဖို့မလိုပါဘူး ကျွန်​​တော်​ကသာ လူကြီးကို​တောင်းပန်​ရမှာ Miyanhae လူကြီးကိုဒုက္ခ​တွေပဲ ​ပေး​နေမိပြီ"

သြော်​....​ကောင်​​လေးရယ်​.။

"လူကြီး"

ကွဲအက်​​နေသည့်​ ​ခပ်​​ဖျော့​ဖျော့​လေသံ​လေးဖြင့်​ ကျွန်​​တော့အား ​ခေါ်လိုက်​သည့်​​ကောင်​​လေး။

{ Infinitely Loved } (Complete)(zawgyi & Unicode)Tahanan ng mga kuwento. Tumuklas ngayon