ဒီနေ့...ဆေးရုံရောက်နေသည်မှာ သုံးရက်ရှိလို့နေပြီ...။
လူကြီးနဲ့ ကျွန်တော့ဆက်ဆံရေးသည်လဲ အရင်ကလောက်မတင်းမာတော့...။
ရောနှောသောဆက်ဆံရေးတော့မဟုတ်သေးပါ။
ဆေးရုံမှာတင်မနေနိုင်မထိုင်နိုင်ကလူးခဲ့ကြသည်မှာအကြိမ်ကြိမ်ဖြစ်လို့နေသည့်အတွက်ဆေးရုံကဆင်းရန်အဆင်မပြေသေး...။
လူကြီးက ကုမ္ပဏီ သွားသည်မို့ အခုတော့ဆေးရုံကုတင်ထပ်တွင်ကျွန်တော်တစ်ယောက်ထဲ အတွေးပေါင်းစုံဖြင့်အလုပ်ရှုပ်လို့နေ၏...။
လူကြီးပေးတဲ့ နာကျင်မှု့တွေကြားနေသားကျလို့နေသည့်ကျွန်တော်။
လူကြီး၏ ရင်သွေးလေးကိုပင်လွယ်ချင်မိလို့နေသည်။
ကျွန်တော်ဟာယောကျာ်းလေး တစ်ယောက်ဆိုတာမေ့မေ့သွားခဲ့သည်။
ကျွန်တော် ကယောကျာ်းလေး ကိုယ်၀န်လွယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ တစ်ခု...။
"ဟူး.....!!!!!"
ရင်မောစွာပင်သက်ပြင်းရှည်အား ကျယ်လောင်စွာချလိုက်မိသည်။
"ဟေ့ဟေ့ ကုတင်ပေါ်မှာသက်တောင့်သက်တာ ထိုင်ပြီးသက်ပြင်းဆွဲချပြီး ဘာဖြစ်နေတာလဲ Byun Baek Hyun Ssi "
"အာ Dr.Annyeonghasaeyor "
Dr.ကဘယ်အချိန်ကထဲက အခန်းထဲရောက်နေမှန်းမသိ ။
"ကိုယ်ထင်နေတာ Baekhyun တစ်ယောက်သက်ပြင်းချရင်း ငုတ်တုတ်မေ့သွားပြီလားလို့ အခုလိုနှုတ်ဆက်သေးပုံအရဆို BaekHyun ရဲ့စိတ်တွေ ပုံမှန်အနေအထားရှိနေသေးတယ်လို့ယူဆလို့ရသေးတာပဲ"
ရုပ်တည်ကြီးဖြင့်နောက်လာသော Dr.ကြောင့်ညစ်နေသည့်စိတ်ကလေးပင်နည်းနည်းရွှင်လန်းလာသလိုပင်။
"ကဲပြောပါဉ်ီး ဒီတစ်ခါရော ဘာစိတ်ညစ်စရာတွေရှိနေရပြန်တာလဲ "
ကျွန်တော့စိတ်ခံစားချက်အတိုင်းရင်ဖွင့်လိုက်သင့်လား မနေ့တစ်နေ့ကမှသိခဲ့သည့်တစိမ်းတစ်ယောက်ကိုပေါ့။
YOU ARE READING
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...