လူကြီး Byunneeလေးနဲ့ Xiao Hun တို့အဆင်မှပြေကြရဲ့လားမသိဘူးနော်'
သတင်းစာတစ်စောင်ကိုသာအဖက်လုပ်၍ဖတ်ကာရင်ခွင်ထဲတွင်လှုပ်စိရွစိလုပ်နေသည့်ကျွန်တော်အမောင်ြေဗာင်ဘတ်ခ်ဟျွန်းအားအဖက်မလုပ်လေသည့်သမာဓိအားကောင်းနေသည့်ပတ်ခ်ချန်ယောလ်။
ည ၈ နာရီဆိုသောအချိန်ဟာအရင်ကဆိုရင်ဧည့်ခန်းထဲမှာဖြစ်စေ TV ကြည့်ရင်းတစ်နေ့တာပင်ပန်းထားသမျှကိုဖြေဖျောက်တက်ပေမယ့်၃၉ နှစ်ဆိုသောအသက်အရွယ်အရ လူကြီးအနားသာအချိန်ပြည့်ကပ်နေချင်၍ယခုလိုအိပ်ယာပေါ်မှာပက်လက်လှန်ခြေနှစ်ချောင်းချိတ်သတင်းစာကိုမျက်မှန်အ၀ိုင်းကြိ်ီးတပ်ပြီးဖတ်နေသည့်အဖိုးကြီးရင်ခွင်ထဲအတင်းတိုးဝင်ပွတ်သီးပွတ်သက်တွေလုပ်။ လူကြီးကတော့ကျွန်တော့ကိုရှိတယ်လို့တောင်ထင်ပုံမရပါ ။ အသက်၅၀ကျော်သွား၍ဟိုစိတ်ဒီစိတ်တွေပဲမရှိတော့တာလား ။ကောင်းတော့ကောင်းပေမယ့်မကောင်းပြန်ဘူး ။
လူကြ်ီးကအလုပ်နဲ့ Byunnee ကလွဲရင်ကျွန်တော့ကိုဂရုမစိုက်တော့သလိုခံစားရတယ်။ အဲ့လိုခံစားချက်မျိုးကြ်ီးမလိုချင်ပါ ။ လူကြီးကျွန်တော့ကိုအမြဲတမ်းဂရုမစိုက်နိုင်ရင်တောင်ညအိပ်ချိန်လေးတော့ကျွန်တော့ကိုအဖက်လုပ်ပြီးရင်ခွင်ထဲထည့်ပွေ့ဖက်အိပ်စက်တာလေးတော့ခံချင်မိတာအမှန်။ အသက်ကသာကြီးလာတယ်စိတ်ကတော့ဟိုးအရင်ကလူကြီးနဲ့စတွေ့ချိန်၁၉ နှစ်သားအတိုင်းပင်၀မ်းနည်းကာစို့တက်လာသည့်မျက်ရည်တွေအားလူကြီးကိုမတွေ့စေချင်ပါ ။ ကျွန်တော်မေးတာကိုပင်အဖက်လုပ်၍မဖြေသည့်လူကြီး ။ အရမ်းဝမ်းနည်းမိသည်။ သတင်းစာကကျွန်တော့်ထက်ပိုအရေးကြီးနေသည်ပဲ ။လူကြီးကိုကျောခိုင်းလိုက်ကာတစ်ဖက်သို့လှည့်၍ထိန်းထားသမျှမျက်ရည်တွေကိုတာကျိူးသည့်နှယ့်လွှတ်ချလိုက်လေတော့သည်။
'ဟင့်ရွှတ်အဟင့်ဟင့်အင့်'
အံကြိတ်င်ိုကာမှရှိုက်သံကထွက်သွားပြန်သေးသည်။ ကျွန်တော့ရှ်ိုက်သံကိုလဲလူကြီးကတော့ဂရုမစိုက်ပါ ။ လူကြီးအရင်လိုမဟုတ်တော့ဘူး ။ လူကြီးပြောတော့သေတဲ့အထိကျွန်တော့ကိုချစ်သွားမှာဆို ။ လူကြီးပြောတော့အဖိုးကြီးဖြစ်သွားရင်တောင်Baby ကကိုယ့်အတွက်မရှိမဖြစ်အောက်စီဂျင်ပါဆို ။ အခုတော့အဲ့စကားတွေကအလကားတွေပဲ ။နောက်ဆုံးတော့ Byun BaekHyun တစ်ယောက်အထီးကျန်ဆန်ဆန်ပြစ်ပယ်ခြင်းခံလိုက်ရတာပဲ ။ ဟင့်လူကြီးကိုမမုန်းရက်နိုင်တာခက်သည်။ မုန်းဖို့လည်းမကြိုးစားမိမုန်းလဲမမုန်းရက်နိုင်မုန်းဖို့မဆိုနှင့်စိတ်ဆိုးဖို့ပင်မစဉ်းစားမိ ။ လူကြီးရဲ့လုပ်ရက်တွေအတွက်စိတ်မကောင်းယုံသာဖြစ်မိသည်။ ကျွန်တော်ဒီလောက်ထိငိုကြွေးနေခြင်းကိုလူကြီးကလှစ်လျှူရှူထားဆဲ ။ ကျွန်တော်ဘယ်လောက်အထိခံစားနေရမလဲပြောမပြတက်လောက်အောင်ကိုနာကျင်နေမိတာပါ။ ကျွန်တော်လူကြီးနဲ့ပက်သက်လာရင်ဟိုးတစ်ချိန်ကလိုကလေးဆန်ဆန်အတွေးတွေနဲ့တစ်ယောက်တည်းကြိတ်ခံစားတက်တုန်းပဲကို ။ တစ်ယောက်တည်းကြိတ်ငိုကြွေးရခြင်းကိုနေသားကျနေပြီထင်ပါရဲ့ ။
VOCÊ ESTÁ LENDO
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanficCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...