.......
Wedding Day's ဆိုသောနေ့လေးသို့်ရောက်ရှိလို့လာခဲ့ပြီ။
ကျွန်တော့ရင်ထဲတွင်တော့ ။ အခုမှလူပျိုဖြစ်ကာစ မတိမတို့ရသေးသည့်ပန်းလေးတစ်ပွင့်နှယ့်။
အဆမတန်ခုန်ပေါက်မြည်ဟီးနေသည့်ရင်ခုန်သံတွေကိုထိန်းချုပ်ရခက်နေ၏။
သတို့သားဝတ်စုံအဖြူရောင်လေးဖြင့်လူကြီးရောကျွန်တော်ပါ လိုက်ဖက်လို့နေ၏။
လူကြီးထံမှ ချိုမြိန်သောအနမ်းတစ်ပွင့်နှုတ်ခမ်းထပ်သို့ခြွေချလာခဲ့သည်။
ချိန်မြိန်သောအနမ်းတို့အားပြန်လည်၍တုံ့ပြန်လိုက်ရင်း။ မင်္ဂလာပွဲကြီးအားအဆုံးသက်လိုက်လေသည်။
ကျွန်တော့မွေးနေ့လေးမှာ ကျွန်တော်နှင့်လူကြီး လက်ထပ်ဖြစ်ခဲ့ကြသည်။ လူကြီးကို တရားဝင်ပိုင်ဆိုင်ခွင့်ရခဲ့သည်။ လူကြီး၏တရားဝင်ယောကျာ်းတစ်ယောက်ဖြစ်ခွင့်ရခဲ့ပြီ။
ဒိတ်ဒိတ်ကြဲ ကျင်းပဖြစ်ခဲ့သည့်မင်္ဂလာပွဲလေးကြောင့်။ လူကြီးနှင့်ကျွန်တော့အား မသိသူမရှိသလောက်ဖြစ်သွားခဲ့လေသည်။
ပျားရည်ဆမ်းခရီး ကိုတော့ လူသူအရမ်းမရှုပ်သည့်နေရာတွင်သာ သွားရန်ဆုံးဖြတ်ခဲ့ကြပေမယ့်။တကယ့်တကယ်သွားဖြစ်ခဲ့သည်က ။ Sakuraတွေပွင့်ချိန်မို့ Sakura ပန်းတွေနှင့်တူလွန်းသည့်ကျွန်တော်နှင့်လိုက်ဖက်သည့်Sakuraမြေဖြစ်ရာ Japan သို့ရောက်ဖြစ်ခဲ့လေသည်။
လူကြီးတင့်စားနေကျ။
"Baby Baby ကလေ Sakura ပန်းလေးတွေနဲ့တူတယ်သိလား အရမ်းဖြူစင်ပြီး အရမ်းလှတဲ့ ကလေးငယ်ကိုယ်ကအရောင်တွေဆိုးပေးနေမိတယ်"
လူကြီးဆိုးပေးတဲ့အရောင်တွေနဲ့လဲ Sakura ပန်းလေးကလှပနေဆဲပါလေ။ ယခုအချိန်ထိမငြိုးနွမ်းပါ။ အရောင်လေးရင့်လာသည်ကလွဲရင်။ ပန်းလေးကပို၍ပင်လှပလာခဲ့သည်မဟုတ်လား။
YOU ARE READING
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...