Ep #34#

23.6K 656 85
                                    


'Park သားအဖမြန်​မြန်​ချိုးကြပါ ​ဆောင်းရာသီမှာ​ရေစိမ်​ချိုးလို့​ကောင်းတယ်​ထင်​မ​နေနဲ့ အ​အေးမိ​နေမယ်​ Sehun hyung တို့လဲလာ​တော့မယ်​သူများကို​စောင့်​ခိုင်းရရင်​မ​ကောင်းဘူး အမြန်​ချိုးကြ´

'ဟုတ်​ကဲ့ပါ Mr.Byun Ssi´

လိုက်​လဲလိုက်​တဲ့သားအဖ ကြည့်​ခုလဲ​ရေချိုးခန်းထဲကထွက်​မလာကျ​သေးဘူး သံပြိုင်​​အော်​​နေ​သေးတယ်​။

ဒီ​နေ့က ကျွန်​​တော်​နဲ့လူကြီးရဲ့ ၅နှစ်​ပြည့်​မင်္ဂလာနှစ်​ပတ်​လည်​​လေး​ပေါ့ ။ သားသား​လေးပင်​ ၄နှစ်​ထဲ​ရောက်​​နေပြီ ကျွန်​​တော့​ခြေ​ထောက်​​တွေကလဲအရင်​လိုလျင်​မြန်​သွက်​လက်​စွာ​ပြေးလွှားဖို့အဆင့်​သင့်​အ​နေအထားပြန်​​ရောက်​ခဲ့ပြီ ။ လူကြီးအသက်​ ၃၇ နှစ်​ ကျွန်​​တော့အသက်​ ၂၄ နှစ်​ သား​လေးအသက်​ ၄ နှစ်​ ကျွန်​​တော်​တို့မိသားစု​လေး​ပျော်​ရွှင်​စရာအချိန်​တ​စ်​ခု​ပေါ့။

'သခင်​​လေး Mr.Oh တို့မိသားစု​ရောက်​လာပါပြီရှင့်​´

Arjuma တံခါး​ခေါက်​၍လာအသိ​ပေး​လေ​တော့မှ ။ လူကြီးတို့သားအဖအတွက်​ အင်္ကျီအ၀တ်​အစားထုတ်​​ပေးကာ။

'လူကြီး​ရေ သားအ​အေးပတ်​မယ်​ထွက်​ခဲ့ကြ​တော့ Sehun Hyung တို့​ရောက်​​နေကြပြီတဲ့ Baby ​အောက်​မှာပဲပစ္စည်း​တွေထည့်​ရင်း​စောင့်​​နေ​တော့မယ်​ ပြန်​တက်​မလာ​တော့ဘူး​နော်​ ထွက်​ခဲ့ကြ​တော့´

မှာသင့်​တာမှာပြီး​အောက်​ထပ်​သို့ ကမန်းကတန်း​ပြေးဆင်းလာလိုက်​၏။

'Hyung တို့​ရောက်​ကြပြီလား ထိုင်​ကြ´

'မင်းမ​ပြောလဲထိုင်​မှာပါ​နော်​ Hyung Night ဆင်းထားရလို့နုံး​နေတာ တစ်​​ရေး​လောက်​နှပ်​လိုက်​ဦးမယ်​ Han ,Hyunnee ကိုဝိုင်းကူလိုက်​​တော့​နော် ´

'Hyung ရယ်​ပင်​ပန်း​နေတာများအိမ်​မှာနား​ရော​ပေါ့ ကျွန်​​တော်​တို့ကရပါတယ်​´

'တစ်​​ရေး​လောက်​အိပ်​လိုက်​ရင်​ရတယ်​ ၁၅ မိနစ်​ပဲ ဟိုသားအဖအခုမှ​ရေချိုးတုန်းမဟုတ်​လား ´

'ဟုတ်​တယ်​ Hyung´

'Han Hyung Xiao Hun ​လေး​​ကော´

'ခြံထဲမှာ သူ့ Byunnee ​လေးအတွက်​ဆိုပြီးဝယ်​လာတဲ့အရုပ်​က​လေးနဲ့​စောင့်​​နေ​လေ​ရဲ့ Byunnee ​လေးဆင်းလာရင်​ခြံထဲလွှတ်​လိုက်​ပါဦး Hyunnee ရယ်´

{ Infinitely Loved } (Complete)(zawgyi & Unicode)Donde viven las historias. Descúbrelo ahora