.....´......´.
" Min Hyun ah ငါဒီနေ့ကျောင်းမလာဖြစ်လောက်တော့ဘူးထင်တယ် အရေးကြီးတဲ့ အင်တာဗျုးတစ်ခုဝင်ရမှာမို့ "
ကျောင်းမှသူငယ်ချင်းအားခွင့်တင်ပေးရန် Ph ဆက်၍မှာကြားလို့နေရသေးသည်...
ကျွန်တော့လို အဖွားအိုတစ်ယောက်ကိုစောင့်ရှောက်ရင်း အထက်တန်းရောက်သည့်တိုင်အောင်မိဘများဆုံးပါးသွားလေသည့်အချိန်ကစလို့ ကိုာ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ ရုန်းကန်နေရသည့်သူအဖို့မှာတော့ ကျောင်းစာမျက်နှာတစ်ရွက်ထပ် အင်တာဗျူးခေါ်လေသည့် အလုပ်ကြော်ငြာတစ်ခုက ပို၍အဖိုးတန်လေသည်....
အတန်းချိန် တစ်ချိန်ထက် အချိန်ပိုင်းရလေသည့်အလုပ်အားပို၍တန်ဖိုးထားမိလေသည်
အသက် ၁၉ နှစ်သာရှိသေးသည့်ကျွန်တော့အား အခုလိုငွေမက်လွန်းသည်မှာအလွန်မဟုတ်
ကျန်းမာရေး ချို့တဲ့သည့်အဖွားဖြစ်သူအတွက် တစ်နေ့တာဆေးဖိုးမှာ ၀မ် ၅၀၀၀၀ အနည်းဆုံးရှိမှအသက်ဆက်နိုင်သည့်အခြေအနေမျိုးပင်
"Omm BaekHyun ah ဒါဆိုလဲ Sam ဆီငါခွင့်တိုင်ပေးထားမယ် အင်တာဗျူးပြီးရင် ငါ့ကိုလဲအကြိုးအကြောင်းပြောဦးကွ "
"အေးပါ Mihyun ရာ ဒါဆို ငါ Ph ချလိုက်တော့မယ်နော်"
"Annyeong Chingu "
Minhyun နှင့် Ph ပြောချင်းကိုအမြန်အဆုံးသက်လိုက်ကာ အဖွားဖြစ်သူအတွက် ခရုဆန်ပြုတ်အား စားပွဲပေါ်တွင်သေချာပြင်ဆင်ပေးလိုက်ပြီး
"Ms.Byun Ssi BaekBaek ကလေးက Ms.Byun စားဖို့အတွက် စားပွဲပေါ်မှာ ခရုဆန်ပြုတ်တင်ထားခဲ့တယ်နော် ဆန်ပြုတ်သောက်ပြီး BaekBaek လေးပြန်လာတဲ့အထိစောင့်နေပေး "
ချစ်ရလွန်းသည့် အဖွားဖြစ်သူအား ငယ်စဉ်ကတည်းက ခေါ်ခဲ့လေသည့် Ms.Byun ဟုပင်ယခုအချိန်ထိခေါ်ဆဲ
အမြင်ေ၀၀ါးနေသည့် အဖွားဖြစ်သူသည် ဘာမှမလုပ်ကိုင်နိုင်သည်မို့ စားစရာအားအသင့် စားပွဲပေါ်တွင်အုပ်ဆိုင်း၍တင်ပေးခဲ့ရသည်မှာ နေ့စဉ်လုပ်နေကြ အလုပ်များထဲမှ တစ်ခုပင်
KAMU SEDANG MEMBACA
{ Infinitely Loved } (Complete)(zawgyi & Unicode)
Fiksi PenggemarCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...