Ep #25#

18.4K 707 166
                                    

.........."

တောင်​ကိုရီးယားရှိ အပြည်​ပြည်​ဆိုင်​ရာ​လေယာဉ်​ကွင်းကြီးထဲ၌။ ၀မ်းနည်းခြင်းနှင်​အတူ ငို​ကြွေး​နေသည့်​​ ချစ်​သူနှစ်​ဦးရှိ​နေခဲ့သည်​။

ထိုနည်းတူ ထို​ကောင်​​​လေးနှစ်​​ယောက်​အား ။ ၀မ်းနည်းစွာကြည့်​ရင်းသနား​နေကြသညိ့​ကောင်​​လေးနှစ်​​ယောက်​လဲရှိလို့​နေ​သေး၏။

Luggage ကိုတစ်​ဖက်​ကဆွဲ၍။ ကျွန်​​တော့၏လက်​တစ်​ဖက်​ကို တစ်​ဖက်​ကဆုပ်​ကိုင်​ကာ ။ ကျွန်​​တော့အားအ​ဝေးတွန်းပို့​နေသည့်​ လူကြီး။

လူကြီးကအ​ပြောနဲ့အလုပ်​တကယ်​ညီ​အောင်​လုပ်​တက်​သည်​ကိုသိ​ပေမယ့်​လဲ ။ ဒီ​လောက်​အထိလုပ်​ရက်​မယ်​လို့မ​တွေးမိခဲ့ ။

ကျွန်​​တော်​ တကယ်​ပဲ ဒီနိုင်​ငံကြီးထဲက​နေလူကြီးရဲ့အ​ဝေးကိုထွက်​သွားရ​တော့မှာပါလား။

မကြာခင်​ထွက်​ခွာ​တော့မည့်​ Flying ကြီး​ခေါ်​ဆောင်​ရာကို လူကြီးကို​ကျောခိုင်း၍။ ထွက်​သွားရ​တော့မည်​။

လူကြီး တကယ်​ပဲမသိတာလား မသိချင်​​ယောင်​​နေခဲ့တာလား ။

လူကြီးအသံ လူကြီးအပြုံး လူကြီးရဲ့တစ်​​နေတာ။ ဒါ​တွေနဲ့ရှင်​သန်​​နေရတဲ့ကျွန်​​တော့ကိုမှ ။ တစ်​​ယောက်​ထဲ ပထမဦးဆုံး​ရောက်​ဖူးမယ့်​ နိုင်​ငံတစ်​ခုကို ချက်​ချင်းဆိုသလို အသိကြို​ပေးခြင်းမရှိပါပဲ ကိုယ်​တိုင်​လိုက်​ပို့ရက်​တယ်​။

လူကြီးစိတ်​ထဲမှာ ဘာ​တွေရှိ​နေမလဲ ခန့်​မှန်း၍မသိနိုင်​​သောဘ၀ကြီးကိုမုန်းလိုက်​တာ။

လူကြီးရယ်​ အနားမှာထားရတာငြီး​ငွေ့လာလို့တမင်​များဖယ်​ထုပ်​လိုက်​တာလား။ ကျွန်​​တော့မျက်​နှာကိုမ​တွေ့ချင်​​တော့လို့လား။ ကျွန်​​တော်​မဟုတ်​တဲ့တခြားတစ်​​ယောက်​ကို သ​ဘောကျမိသွားလို့လား။ ကျွန်​​တော့ကို ကျွန်​​တော့ကို မလိုအပ်​​တော့တာလား လူကြီးရယ်​။

ပြောပြ၍မထွက်​နိုင်​တဲ့စကားလုံး​တွေနဲ့ပြည့်​နှက်​​နေတဲ့ရင်​ထဲမှာ မွန်းကြပ်​ ​နေပါပြီ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now