"သူက ဘယ်သူလဲ Byun Baek Hyun !!!"
လူကြီးထံမှ ဒေါသတကြီးအော်၍မေးမြန်းသည့်အဆုံး ခြေမကိုင်မိလက်မကိုင်မိနှင့် အပြစ်တစ်ခုပင်မကြေသေး နောက်ထပ်အပြစ်တစ်ခုကျူးလွန်မိလိုက်ပြန်သည်ဟု သိလိုက်ပါပြီ
Dr.ကတော့ လူကြီးအား ခပ်ချေချေပဲကြည့်ရင်း...
"တွေ့ရတာဝမ်းသာပါတယ် လူနာရှင် ကျွန်တော်က BaekHyun ရဲ့တာဝန်ခံ Doctor ပါ"
Dr.ကတော့ဖော်ရွေစွာနှုတ်ဆက်သော်လဲ မဖော်မရွေစွာ မီးဝင်းဝင်းတောက်နေသော အကြည့်တို့ဖြင့်တုံ့ပြန်သူက လူကြီး...
Dr.၏ ပခုံးစွန်အားဝင်တိုက်၍ ကျွန်တော့ထံသို့လှမ်းလာသည့်လူကြီး
"CEO ဟို...!"
ကျွန်တော် ဒီတစ်ကြိမ်မှာရော ထပ်မံရှင်းပြခွင့်ရနိုင်ပါ့ဦးမလား ?
"မင်း $သံကိုမကြားချင်ဘူးအခုအချိန်မှာ "
ဒေါသသံဟာကျယ်လောင်စွာပင်ထွက်ပေါ်လာသည့်ကြောင့်ထင်ပါရဲ့ ကျွန်တော့နားစည်အားဖြတ်တိုက်ရင်း နှလုံးသား ထံသို့ပင် နာကျင်စွာစိုက်ရောက်လို့လာ၏...
လူကြီးစကားတစ်ခွန်းကြောင့်နဲ့ ကျွန်တော့နှလုံးသားကအကြိမ်ကြိမ်ကြေကွဲဖို့အဆင်သင့်ဖြစ်လို့နေပြီပဲ....
"လူနာရှင် မကျန်းမာသေးတဲ့ လူနာတစ်ယောက်ကိုအခုလိုကြမ်းတမ်းတဲ့စကားလုံးတွေမပြောသင့်ဘူးလို့ ကျွန်တော်အကြံပေးချင်ပါတယ်"
Dr.တော့ မီးပုံကိုမှတုတ်နဲ့သွားထိုးလိုက်ပြီပဲ...
"Dr.နဲ့မဆိုင်တဲ့ကိစ္စတစ်ခုလို့ရော မထင်ဘူးလား?"
လူကြီးရဲ့စိတ်ထဲမှာ တော်တော်လေးကို မီးပွင့်နေပြီဆိုတာကျွန်တော်သိလိုက်ပါပြီ....
စောင်ပါးကိုသာ ခန္ဓာကိုယ် တွင်အဆင်ပြေသလိုပတ်လိုက်ကာ...
ကုတင်ပေါ်မှအဆင်း
"အ့!"
စူးစူးဝါးဝါး နာကျင်ခြင်းတို့က ၀မ်းပန်းတသာ ကိုစီးလို့ကြိုနေလေရဲ့....
VOUS LISEZ
{ Infinitely Loved } (Complete)(zawgyi & Unicode)
FanfictionCHANBAEK Plus ဦးစားပေး၍ရေးသားထားသည်မို့ ရိုင်းသည့်စကားလုံးများပါနိုင်ပါသည်plus မဖတ်ချင်သည့်သူများကြော်ခွသွားနိုင်ပါ၏...ထန်နိုးစန့်လေးများကတော့ ဟွင်း ဟွင်း 😁 အချစ်ကို အယုံအကြည်လုံးဝမရှိလေတော့သည့်ကျွန်တော့ဘ၀ထဲကို အနှီးလူသားကလေး...