•စာသင်နှစ်အစကထူးဆန်းမှုတွေ•တံခါးဖွင့်သံကြားရသည်။လှည့်မကြည့်မိပါ။
အထုပ်အပိုးတွေကို မနိုင်မနင်းသယ်လာသံကိုလည်းခန့်မှန်းမိသည်။
အာရုံတစ်ချို့က အခန်းထဲဝင်လာတဲ့သူအပေါ် ရောက်နေပေမယ့်
ခဲခြစ်နေတာကနေ လှည့်မကြည့်ဖြစ်ပါ။အခုလိုမျိုး အာရုံနှစ်ခု ကွဲထွက်နေတဲ့အချိန် ရတဲ့ ခံစားချက်နဲ့ စာရွက်ပေါ် ရေးခြစ်ရတာကိုသဘောကျသည်။
စိတ်နှစ်ခြွဖစ်နေခြင်းတွေကို ပေါပေါသီသီမြင်ရမိလို့ဖြစ်လိမ့်မည်။"Kang Seulgi မလား?"
တစ်ဖက်ကလူက အရင်နှုတ်ဆက်လာသည်။
"ဟုတ်ပါတယ် စီနီယာ ဆောင်းဟာ။ ကျောင်းပိတ်ရက်မှာပျော်ခဲ့တယ်မလား"
အခန်းဖော်ဟာ မေဂျာမတူ အသက်မတူတဲ့စီနီယာတစ်ယောက်ဖြစ်မှန်းသူမသိခဲ့ပြီးသား။
"ငါ့ကို အဖက်လေးလဲလုပ်ပါအုံး။အဲ့စာအုပ်ကနေကိုခွာမလာဘူး"
"ခဏ ခဏလေးပါ စီနီယာက..."
နောက်ထပ်တစ်ကြိမ်တံခါးဖွင့်သံမှာ ထိန်းထားတဲ့ သိချင်စိတ်တို့ကို မထိန်းနိုင်တော့ပေ။ခေါင်းက ချက်ချင်း တံခါးဝသို့ဦးတည်လျက်။
"ဆောင်းဟာ ငါ့ကို ကတ်ကြေးလေးငှားပေးအုံး"
ဆူးလ်ဂီသူ့ကိုသိသည်။ဘယ်ဂျူဟျွန်းလေ..
မရင်းနှီးပေမယ့် မျက်မှန်းတမ်းမိတာလို့ခေါင်းစဉ်တပ်ရမလား။
"ဒီမှာ ဂျူဟျွန်း မနက်ဖြန် ငါ့ကို စောင့်ဖို့ မမေ့နဲ့နော်"
ဘယ်ဂျူဟျွန်းက သူ့ကို ကြည့်နေတဲ့ ဆူးလ်ဂီကို သတိထားမိသွားသည်။ပြုံးပြတော့ ဆူးလ်ဂီပါ ပြန်ပြုံးပြလိုက်မိသည်။
နောက်တော့ သူထွက်သွားသည်။
-
လူတိုင်းမှာ သူတို့မွေးဖွားလာကတည်းက ရှင်သန်ရမယ့် ဇာတ်ခုံဆိုတာက ပါလာခဲ့ပြီးသား။
ဇာတ်ကဖို့ ပစ္စည်း အနည်းဆုံးတစ်ခုတော့ မပါလာတဲ့ ဇာတ်ခုံလိုမျိုးပေါ့။
ပိုက်ဆံကလွဲပြီး ဘာမှမရှိတဲ့ လူတွေရယ်။
အားလုံးပြည့်စုံပေမယ့် သူတို့ဆီကနေ ပိုက်ဆံက အမြဲ ထွက်ပြေးနေတဲ့ သူတွေကတော့ အများဆုံး ဖြစ်လောက်သည်။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ