'ဒီ story က ဇာတ်ရှိန်အတက်နှေးပါတယ် သူတို့နှစ်ယောက် တဖြည်းဖြည်း ဘယ်လို ရင်းနှီးလာကြတယ် တစ်ယောက်ကိုတစ်ယောက် ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာကို သေချာရေးကြည့်ချင်လို့ပါ။တစ်ပိုင်းဆိုတစ်ပိုင်း စိတ်ထဲပေါ်လာတာကို ရေးတာမို့ ကိုယ်ကိုတိုင်လည်း လူတစ်ယောက်နဲ့ စပြီး ရင်းနှီးလာသလိုခံစားမိလာရပါတယ်။ဇာတ်ရှိန်ကနှေးတာမို့ စိတ်ရှည်ပေးကြမို့ ပြောချင်တာပါ။အပိုင်း သုံး ဖတ်လို့ ရပါပြီ'
-
•အကြံပေးစာ•
"ဘေဘီ့ကို ကိုယ်က အရမ်း ချစ်တာ သိတယ်မလား"
ဂျူဟျွန်းက ဖုန်းကနေ မျက်စိခွာမလာဘဲ ခေါင်းသာညိတ်ပြသည်။
"ဘေဘီရော.."
"မသိဘူး"
သူမအဖြေကြားလည်း ရှင်းဝူမျက်နှာပျက်မသွားပါ။
တခြားသူတွေနဲ့ တွဲခဲ့ရတာထက် ရှင်းဝူနဲ့က ပိုအဆင်ပြေတယ်လို့ ဂျူဟျွန်းထင်တယ်။အဲ့ကောင်က ငယ်ငယ်ကတည်းက သူငယ်ချင်းမလို့လားတော့မသိဘူး။
ဘေဘီဆိုတဲ့ နားကလော်စရာ အခေါ်အဝေါ်ကလွဲလို့ ကျန်တဲ့နေရာမှာ ရှင်းဝူက အမှတ်ပြည့်ဘဲ။
"ဘယ်သူနဲ့မှ ထပ်မတွဲဘဲ ငါနဲ့ဘဲ တွဲ "ဆိုပြီး ညတစ်ညက သူမူးမူးနဲ့လာပြောတုန်းက ဂျူဟျွန်း ခွက်ထိုးခွက်လန်ရယ်ခဲ့မိပေမယ့် ဘာလို့လဲ မသိဘူး သူ့စကားကို လက်ခံလိုက်တယ်။
မနက်နိုးလာရင် ဒီကောင် ဘာမှ မှတ်မိမှာမဟုတ်ဘူးဆိုပြီး ထင်ခဲ့ပေမယ့် မဟုတ်ခဲ့။
"ရှင်းဝူ ငါ--"
"နင်ငါ့ကို ဖြတ်ချင်လာတဲ့ အချိန် အားမနာနဲ့ ဂျူဟျွန်း ဒါပေမယ့် ရည်းစားတွေ အများကြီးတော့ မထားပါနဲ့ နင်တွဲမယ့် လူတွေအစား
ငါ့ကိုဘဲ တွဲပါ ဟုတ်ပြီလား"ဂျူဟျွန်းလို့ခေါ်လိုက်သဖြင့် ရှင်းဝူက ဒီစကားကို သူငယ်ချင်းတစ်ယောက် အနေနဲ့ ပြောနေသလိုခံစားမိသည်။
"အရေးမပါတဲ့ စကားတွေ မပြောစမ်းပါနဲ့ ပြန်မယ်လာ"
မြက်ခင်းပေါ်ကနေ ထတော့ ရှင်းဝူက မထသေးဘဲ သူမဆီကိုလက်ကမ်းသည်။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ