10ᵘⁿⁱ➪

980 138 6
                                    

•ဖွင့်ပြောခြင်း မမည်သည့် ခံစားချက်ကို ဖွင့်ဟခြင်း•

ဓားသွားဟာ အသက်သွေးကြောကို တိတိရိရိဖြတ်ချနေသည်။
ပြတ်ရှသွားတဲ့ အသားစတွေကြားမှ သွေးတွေ စိမ့်ထွက်လာသည်။

လက်ကောက်၀တ်မှတစ်ဆင့် ကြမ်းပြင်ပေါ် ။
တဖြည်းဖြည်းနဲ့ ဖိနပ်ထိပ်ထိ စီးကျလာတဲ့ သွေးစီးကြောင်း
မလှမ်းမကမ်းက အသက်မဲ့နေတဲ့ ရုပ်အလောင်းမှာ လှုပ်ရှားနေတာဆိုတော့ သွေးစက်တွေသာ ရှိသည်။

သွေးစက်တွေဟာ တစ်ကိုယ်လုံးရဲ့ ဟန်ချက်ညီမှုကို တဖြည်းဖြည်းဖျတ်ဆီးနေသည့်နှယ်။

နစ်နာသူဟာ ပိုကြောက်ဖို့ကောင်းနေခဲ့တဲ့ အဖြစ်အပျက်တွေဟာ တကယ်ရှိသည်။
မွှေးညှင်းပေါက်တစ်ခုချင်းစီကနေ ကြောက်စိတ်တွေ တိုး၀င်လာသည်။
အသက်ရှင်မှု သွေးကြောတွေအထိ တရိပ်ရိပ်နယ်ချဲ့လာသည်မို့
အသက်ရှင်မှု လုပ်ငန်းစဉ်တွေအထိပျက်ယွင်းလာသည်။

ပြင်းပြင်းရှူသွင်းလိုက်တဲ့ အောက်စီဂျင်ဟာ ကြောက်စိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အငွေ့ပျံသွားသည်။
တရိပ်ရိပ်တက်လာတဲ့ တင်းကျပ်မှုနဲ့အတူ အောက်ခြေမမြင်ရသည့် တွင်းနက်ကြီးထဲ ပြုတ်ကျသွားပြန်တယ်။

လှိုက်ကနဲ၀င်လာတဲ့ လေငွေ့တွေကြောင့်အသက်ရှူလုပ်ငန်းစဉ်ကမောက်ကမဖြစ်သွားသော်လည်း အငမ်းမရ ရှူနေမိသည်။
ချွေးတွေကို အင်္ကျီလက်နဲ့ဖိသုတ်ရင်း အမောပြေလုနီးပြီဆိုမှ ကုတင်ပေါ် ပြန်လှဲချမိသည်။

အိပ်မက်ဆိုးတွေ...
အိပ်မက်ထဲမှာ ဂျီအာ အမြဲရှိသည်။
ကြည့်ပြီးသားဇာတ်၀င်ခန်းတစ်ခုကို ပြန်မြင်နေသလို ဆူးလ်ဂီ အိပ်မက်ထဲမှာ ဂျီအာက အခါခါ ထွက်သွားတတ်တယ်။

အသက်ကို မှန်မှန်ရှူရင်း အိပ်ပျော်အောင်ကြိုးစားပေမယ့် ခက်ခဲသည်။
လှုပ်လှုပ်ရွရွဖြစ်နေလို့လားမသိ ထထိုင်လိုက်တဲ့အချိန် တစ်ဖက်ကုတင်မှ အသံထွက်လာသည်။

"တစ်ရေးနိုးလာတာလား seulgi"

"ဟုတ် ညီမကြောင့်နိုးလာတာလား အားနာလိုက်တာ"

စားပွဲပေါ်တင်ထားတဲ့ ရေဘူးထဲမှ ရေကို တစ်ခွက်ငှဲ့သောက်ရင်း
"ဘာမှမဖြစ်ပါဘူး အိပ်မရဘူးလား"

Memorable Moments From A Blank➪Where stories live. Discover now