•ထူးဆန်းပေမယ့်-- သူက ငါ့စီနီယာ•
ခေါင်မိုးထပ်မို့လားမသိ။လေက အတော်ကြမ်းသည်။
ဆူးလ်ဂီ ဒီနေရာမှာထိုင်နေတာ မရှိဘူးဆိုတောင် နာရီနှစ်ဆယ်လောက် ရှိနေပြီ။မျက်လုံးထဲ ပုံရိပ်တွေ ဝါးနေသည်။နေ့လည်က မိုးရွာသဖြင့် ပြန်ဖျားတာ ဖြစ်လိမ့်မည်။
အခုထိ ဆံပင်တွေ စိုနေတုန်းမို့ နေရတာလည်း အဆင်မပြေပါ။
ပြေစရာ အကြောင်းလည်း ရှိမနေပါ။အိတ်ကပ်ထဲလက်နှိုက်လိုက်တော့ ရေစိုနေတဲ့ စီးကရက်တစ်လိပ်သာ ပါလာသည်။
နောက်ဆုံးဘဲ။ဆူးလ်ဂီ ရွေးချယ်ပြီးသွားပြီ။
မနေ့ညကတည်းက..."နင့်ဘေးမှာ အမြဲ ရှိနေပေးဖို့ ဘယ်သူ့ဆီမှာမှ တာ၀န်မရှိဘူး ဂျီအာ"
အက်ကွဲနေတဲ့လည်ချောင်းကနေတစ်ဆင့် အသံထွက်လာသည်။
စီးကရက်ကို မီးညှိတော့ ရေစိုနေသဖြင့် မီးမစွဲ။
ဘေးဘက်ခဏ ချထားလိုက်ရင်း မျက်လုံးတွေ မှိတ်ထားမိသည်။အကြိမ်ကြိမ်ထွက်ပြေးပြီးတဲ့နောက် မလွတ်မှန်း နားလည်မိလာသည်။
ဘယ်သူမှ လိုက်မလာနိုင်တဲ့ လမ်းကို ထွက်ပြေးဖို့ဘဲ ကျန်တော့သည်။ရွေးစရာ ဒါဘဲ ရှိတော့သည်။
အဲ့မတိုင်ခင်တော့ ဆုံးဖြတ်စရာ ကိစ္စတစ်ချို့ရှိနေသည်။
အမေနဲ့ အဖေ့ဆီ စာရေးထားခဲ့ရင် အဆင်ပြေမလားပေါ့။နောက်ပြီး ဘယ်သူ ကျန်သေးလဲ။
စီနီယာ့ကို ဖုန်းဆက်ပြီး သွားပြီလို့ နှုတ်ဆက်ရမလား။
ဆောင်းယွန်းဆီကို ငါ ဂျီအာ့နောက် လိုက်သွားပြီလို့ဘဲ msg ပို့ရမလား။
အင်ယော့ဆီကိုဘဲ တောင်းပန်ကြောင်း ရေးခဲ့ရမလား။လုပ်စရာတွေ များနေပေမယ့် တစ်ခုမှ မချန်ထားခဲ့ချင်ပါ။
ခဏလောက် ဘဲ အိပ်ပစ်ချင်နေသည်။ဒါပေမယ့် အကြာကြီး အိပ်ရတော့မှာမို့ အဲ့မတိုင်ခင် အိပ်ပျော်မသွားအောင် ကြိုးစားနေရသည်။
ဘေးက စီးကရက်ကို ကိုင်ကာ အတော်ကြာ ကြိုးစားပြီးနောက်မှာတော့ မီးစွဲ သွားခဲ့သည်။
ရေစိုနေသဖြင့် အရသာကတော့ အဆင်မပြေ။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ