•အတိတ်•
"ရား!! မြန်မြန် နောက်ကျနေပြီ"
စက်ဘီးကို အသင့်အနေအထားနဲ့ အိမ်ထဲက ထွက်မလာသေးတဲ့သူကိုဆော်သြနေတဲ့ သူဟာ seulgi
အိမ်ထဲကနေ ဖိနပ်တစ်ဖက်ကို ခြေတစ်ပေါင်ကျိုး ကောက်စွပ်ရင်း နောက်တစ်ဖက်ကို လက်က ကိုင်ရင်း အူယားဖားယားပြေးထွက်လာသူဟာ Seulgiရဲ့ အချစ်ရဆုံးသော သူငယ်ချင်း။စက်ဘီးနောက်ခုံပေါ် ၀င်ထိုင်ပြီးသည်နှင့် အရှိန်ယူကာ စထွက်သွားတဲ့ စက်ဘီးတစ်စီး။
မြို့ငယ်လေးရဲ့ လမ်းတွေပေါ် အမှတ်တရတွေ ပြန့်ကျဲထားခဲ့သလို
နေရာတိုင်းမှာ အမှတ်တရတွေ။ရယ်သံတွေ..ပျော်ရွှင်မှုတွေကို ခပ်ထုတ်ခဲ့ရသည်ထိ သူမတို့ ပျော်ရွှင်ခဲ့ဖူးသည်။
စက်ဘီးထားသည့်နေရာမှာ စက်ဘီးကို အလျင်အမြန်ရပ်ပြီးသည်နှင့် နှစ်ယောက်သား စာသင်ခန်းသို့ လုံးနေအောင် ပြေးကြတော့သည်။
အတန်းချိန်စဖို့ အချိန်အနည်းငယ်သာ ရှိတော့သည်လေ။-
ကျောင်းရှေ့က တော့ပိုကီဆိုင်မှာ သူမတို့အုပ်စုသာ ရှိတော့သည်။
ငါးအူချောင်းကို အားရပါးရကိုက်နေတဲ့ အချိန် အင်ယော့ တို့အတွဲကတော့ တော့ပိုကီကို တစ်ယောက်ကို တစ်ယောက်ခွံ့ကျွေးနေသည်လေ။
အင်ယော့က အစက သူမနဲ့သိပ်မပေါင်းဖြစ်ပေမယ့် ဂျီအာနဲ့ တွဲဖြစ်ပြီးတဲ့နောက် သုံးယောက်အမြဲ တွဲသွားတွဲလာလုပ်ဖြစ်ကြလေသည်။
အတွဲတွေကို နှာခေါင်းရှုံ့လိုက်ရင်း ကောင်းကင်ပေါ်မော့ကြည့်တော့ တိမ်တစ်ပိုင်းတစ်စ။
ကောင်းကင်ဟာ ပန်းရောင်နဲ့ လိမ္မော်ရောစပ်ထားကာ သိပ်ကိုလှသဖြင့် ဆိုင်အမိုးအောက်ကနေ နောက်ပြန်ထွက်ရင်း ကောင်းကင်ရဲ့ အလှကို တ၀ကြီးကြည့်ရှုမည်အပြု တစ်စုံတစ်ခုနဲ့ ၀င်တိုက်သည်။"အား..ချီးဘဲ"
ပီပီသသ ဆဲဆိုသံ။
အနောက်ကို လှည့်ကြည့်တော့ ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ရင်း
တစ်ခုခုဖြစ်သွားသလား စစ်ဆေးနေသည့် သူ။"ငါတောင်းပန်ပါတယ် မမြင်လိုက်လို့ ဘာဖြစ်သွားသေးလဲဟင်"
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ