•တစ်စုံတစ်ယောက်ကိုနားလည်ပေးဖို့ လိုအပ်သည့် အချိန်ကာလ•
"သူငယ်ချင်းလာနေတယ် သမီး"
တံခါးအနီးမှာမို့ တံခါးကို ဖွင့်လိုက်ရင်း
"ဘယ်သူလဲ"
ဖုန်းထဲ စာ၀င်သံကြားသည်။
|တွေ့လို့ရမလား။ငါအိမ်ရှေ့မှာစောင့်နေတယ်|
"ဟိုရက်က အိမ်လာသွားတဲ့ကောင်မလေးလေ"
"သမီးပြီးရင် ဆင်းတွေ့လိုက်မယ် အမေ အိပ်တော့မှာမလား"
ပင်ပန်းနေသဖြင့် သန်းဝေနေသော အမေက ခေါင်းညိမ့်ပြရင်း
"ပြီးရင် တံခါးသေချာပိတ်ကွယ် ဆူးလ်ဂီ။ပြာပြာ ပြာပြာ မလုပ်နဲ့"
သတိပေးကာ အမေက သူ့အခန်းဆီထွက်သွားသည်။
ဆူးလ်ဂီ တံခါး ပြန်ပိတ်ကာ ကြမ်းပြင်ပေါ်က စာအုပ်တွေကို ပြန်ကိုင်လိုက်သည်။တစ်အုပ်ချင်းစီကို အကန့်အလိုက် သေချာ ပြန်စီထပ်နေချိန် စားပွဲပေါ်က ဖုန်းဟာ စာတို၀င်သံတွေ မကြာခဏ ထွက်လာတတ်သည်။
နာရီကို ပြန်ကြည့်တော့ နာရီ၀က်လောက် ရှိပြီဖြစ်သည်။
ပြတင်းပေါက်နား သွားကာ လိုက်ကာကို လှပ်ရင်း ခြံအပြင်ဘက်ကို ဝေ့ကြည့်လိုက်သည်။ အရိပ်အယောင်မတွေ့။
လက်ထဲက ဖုန်းဆီအာရုံလွှဲကာ စာတိုတွေကို ၀င်ကြည့်သည်။|ငါတို့စကားပြောရအောင် ဆူးလ်ဂီ|
|မင်းမျက်နှာကို ခဏလေးတောင် မမြင်ရဘဲ ငါမပြန်နိုင်ဘူး ထင်တယ်။ထွက်တွေ့တဲ့ထိ စောင့်နေမှာမို့ |
|မင်းကို ပေးစရာ ပစ္စည်းတွေ ရှိတယ်။ပြောစရာတွေလည်းရှိတယ်။
အကုန်ရှင်းပြမှာမို့ ထွက်တွေ့ပေးပါ ဆူးလ်ဂီ|လွန်ခဲ့တဲ့ သုံးရက်က မြို့ငယ်လေးရဲ့ လမ်းမပေါ်က အဖြစ်အပျက်ကို ပြေးမြင်တော့ ဖုန်းကို ကုတင်ပေါ် ပစ်ချမိသည်။
အဲ့ညက ဆူးလ်ဂီ တန်းပြန်လာခဲ့တာ။ဘာပစ္စည်းမှ မယူဘဲနဲ့လေ ။
ပြီးတော့ အခုချိန်ထိ အိမ်ထဲအောင်းနေမိတာပါဘဲ။သစ္စာဖောက်ခံရတယ် ဆိုရအောင်လည်း ဆူးလ်ဂီတို့က ဘာမှလည်း မဟုတ်ပါလေ။
ဆူးလ်ဂီနဲ့ စီနီယာ့ရဲ့ ပတ်သက်မှုအတွက်ရော ထိုနေရာက ကလေးငယ် အတွက်နဲ့ရော စီနီယာ့ကို ဒေါသထွက်သလို မုန်းလည်းမုန်းသည်။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ