• ကွက်လပ်ဖြည့်ပါ•"ညီမ မအားဘူး"
ဂျူဟျွန်း ဒီအခန်းထဲက ပြေးထွက်သွားရမလားစဉ်းစားမိတယ်။
ဟင့်အင်း ဒါကျအရမ်း အပိုလုပ်သလိုဖြစ်သွားမယ်မလား။
မတတ်နိုင်ဘူးလေ ဂျူဟျွန်း တကယ် အဝေးဆုံးပြေးချင်နေမိတာကို။အကြောင်းမဲ့ တံခါးလက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း အားယူ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
အပြုံးတွေက ဟန်လုပ်နေမှန်း သိသာနေတာတော့ ဂျူဟျွန်း တတ်နိုင်တဲ့ ဘက်မှ မဟုတ်တာလေ။"ဒါပေမယ့် ဒီနေ့ည အားတယ် စီနီယာရော"
ဒီတစ်ကြိမ်တွင်တော့ ဂျူဟျွန်း စိတ်ရင်းနဲ့ ပြုံးမိတာပါ။
ဆူးလ်ဂီဟာ ဘယ်တော့မှ ဂျူဟျွန်း မထားခဲ့မယ့် ရပ်ဝန်းလေးဖြစ်တယ်။
ဆူးလ်ဂီဟာ ဂျူဟျွန်းဘေး မရရအောင် ပြန်လာမယ့် အမျိုးသမီးလေးဖြစ်တယ်။
ဆူးလ်ဂီဟာ ဂျူဟျွန်း ချစ်ရတဲ့ အမျိုးသမီးလေးဖြစ်တယ်။"အင်း ငါလည်းအားတယ် တွေ့ရအောင် ဆူးလ်ဂီ"
-
ပြောင်ရှင်းနေပြီဖြစ်တဲ့ စားပွဲဝိုင်းကို တစ်ရှူးစနဲ့ အဆက်မပြတ် သုတ်နေမိတော့ သူမမူမမှန်တာကို ဆူးလ်ဂီက သိသည်ထင်။
"ညီမတို့ နည်းနည်းနေရခက်နေသလိုဘဲမလား"
"ငါအဆင်ပြေပါတယ် မင်းရှိနေတာဘဲကို"
ဟင်းပွဲတွေရောက်လာသဖြင့် စကားစ ပြတ်သွားသည်မှာ စားလို့ပြီးသည်အထိ။
ပိုက်ဆံရှင်းပြီးထွက်လာတော့ ညရှစ်နာရီကျော်လောက်။
"ငါတို့ ဟန်မြစ်ဘေးသွားကြမလား သိပ်မဝေးဘူးဘဲကို"
"ကောင်းသားဘဲ ရေခဲချောင်းစားအုန်းမလား စီနီယာ ညီမသွားဝယ်မလို့"
ညွှန်ပြတဲ့ လမ်းတစ်ဖက်က ကုန်စုံဆိုင်ကို ကြည့်ပြီး သူ့ဘက်ပြန်လှည့်ကာ
"ငါသွားဝယ်ပေးမယ် ဘာအရသာစားချင်လဲ ဆူးလ်ဂီ"
ဆံပင်တွေကို နားနောက် ထိုးသပ်ရင်း သူကစဉ်းစားတယ်။
လူတစ်ယောက်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်ရတာ ပျော်ဖို့ကောင်းမှန်း ဂျူဟျွန်းသိလာတယ်။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ