•အရာရာဟာ အချိန်ကိုက် သူမကလွဲလို့•
ရင်ဘက်ထဲ၌ ပူလောင်မှုတစ်ခုနဲ့ နိုးလာတဲ့အချိန် ဘေးဘက်က နေရာဟာ လစ်လပ်နေသည်။
ရေထသောက်မှ ရမှာမို့ မျက်လုံးကို ကြိုးစားဖွင့်ရင်းထလိုက်သည်။
ညလည်သန်းခေါင်ဘဲ ရှိအုံးမည်ထင်ပါရဲ့
နာရီသံ တစ်ချက်ချက်ကို ကြားနေရသည်။
အခန်းထဲမှာ ဆူးလ်ဂီ ရှိမနေ။ပြတင်းပေါက်ကတစ်ဆင့် အပြင်ကို ကြည့်တော့ မှောင်နေတဲ့ ပတ်၀န်းကျင်သာ ရှိသည်။အပြင်ထွက်ကာ ရေတစ်ဘူး ယူရင်း တစ်၀က်လောက် တစ်ခါတည်း သောက်လိုက်တော့မှ နေရ နည်းနည်းသက်သာသွားသည်။
ဆူးလ်ဂီ အပြင်မှာများ ရှိနေမလား တွေးမိသဖြင့် ဧည့်ခန်းကို ကျော်ကာ ပြင်တင်းပေါက်ကနေ လှမ်းကြည့်တော့ ကွယ်နေသဖြင့် ဆူးလ်ဂီကိုတော့ မတွေ့ရ။
ရှေ့နောက် ဖြည်းညင်းစွာ လွှဲနေတဲ့ ဒန်းကိုသာတွေ့ရသည်။-
"ဘာလုပ်နေတာလဲ"
အိပ်ချင်မပြေသေးတဲ့ အသံနဲ့အတူ စီနီယာရောက်လာတော့ ဘေးကို ရွှေ့ပေးမိသည်။
"တစ်ရေး နိုးလာတာလား""အင်း မင်းမရှိလို့လေ"
"ထွက်လာကြည့်တာ"ဆူးလ်ဂီ လက်ထဲမှာ ဘီယာဘူးတစ်ဘူး ရှိနေသည်။
"ဆိုင်မှာတုန်းကကျ မသောက်ဘဲ အခုမှသောက်နေတာဘဲ"
"အိပ်မပျော်လို့ပါဆို စီနီယာကလည်း"
အအေးဓာတ် ပိုကဲလာသည်။ ဆူးလ်ဂီက တစ်ရွေ့ရွေ့လှုပ်ရမ်းနေတဲ့ ဒန်းရဲ့ တစ်ဖက်စွန်းမှာ ငြိမ်ငြိမ်သက်သက်နဲ့ ဘီယာသောက်နေသည်။
ညက ဖြစ်တဲ့ ကိစ္စကြောင့် သူဒီလိုဖြစ်နေတာလား ထင်မိတော့ အားနာမိသည်။"အေးနေပြီ မ၀င်သေးဘူးလား"
အိပ်လည်း အိပ်ချင်နေသလို တကယ်လည်း အေးလာပြီဖြစ်သည်။
"စီနီယာ အေးလို့လား။ငါဖက်ထားပေးရမလား"
"နောက်ပြန်ပြီ"
သူ့ပခုံးကို တစ်ချက်ရိုက်ရင်း နဲ့မှ စိတ်သက်သာရာရသည်။
တော်သေးတယ်ဆိုပြီးပေါ့။"ငါ့အဒေါ်ကို လွမ်းလို့ လာထိုင်နေတာပါ။ စီနီယာ့ကြောင့်မဟုတ်ပါဘူး"
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ