4ᶻ➪

442 35 0
                                    

•ဘာများပါလိမ့်။Ranunculus ပန်းပွင့်တွေကိုထိတွေ့ဖူးလား•

ကျောင်းက cafeteriaမှာဖြစ်သည်။

ထမင်းနဲ့ ဟင်း ထည့်ဖို့ တန်းစီ နေရင်း သူမဘေး လူတစ်ယောက်ရောက်လာသည်။

"Seulgi shi နေ့လည်စာလာစားတာလား"

နေ့လည်စာ စားချိန်ကြီး ဒီမှာတန်းစီနေတာကို နေ့လည်စာ လာစားတာလားဆိုတာ တကယ့်ကို သောက်ပေါစကားပါ။

"ဟုတ်ကဲ့ စီနီယာအီဟွန်း"

အလှည့်ရောက်ပြီဖြစ်လို့ cafeteriaက အဒေါ်ကြီးတွေ ထမင်းထည့်ပေးနေလည်း စီနီယာအီဟွန်းက သူမနောက်မှာ ကပ်နေသည်။
သူကဖြင့် သူ့ဝိုင်းနဲ့သူ ထမင်းထိုင်စားနေပြီဟာကို ဆူးလ်ဂီနား ဘာလို့ အားအားယားယား လာကပ်နေလည်း နားမလည်ပါ။

"Seulgi shi ကျွန်တော်နဲ့ နေ့လည်စာအတူစားရအောင် ဟိုဘက်ဝိုင်း အားတယ်"

သူလက်ညှိုးထိုးပြတဲ့ ဘက်ကိုကြည့်တော့ လွတ်နေတဲ့ဝိုင်းတစ်ချို့ရယ် တစ်ယောက်တည်းထိုင်စားနေတဲ့ စီနီယာ့ကိုတွေ့သည်။

"အားနာလိုက်တာ စီနီယာအီဟွန်းရယ် ညီမက စီနီယာ ဂျူဟျွန်းနဲ့ အတူစားမလို့ နောက်မှပေါ့"

တစ်ဖက်က အဖြေကို စောင့်မနေဘဲ စီနီယာရှိရာ အရပ်ဆီ မပြေးရုံတမယ် ထွက်လာခဲ့သည်။တော်ကြာ စီနီယာစားလို့ပြီးသွားရင် အလကားနေရင်း ဆူးလ်ဂီ တစ်ယောက်တည်း ‌စားနေရအုံးမည်။

"စီနီယာ!"

စားပွဲပေါ် ထမင်းနဲ့ဟင်းကို အကန့်တွေခွဲထည့်လို့ရတဲ့ ပန်းကန်ပြား နဲ့အတူ မျက်နှာချင်းဆိုင် ခုံပေါ် ဆူးလ်ဂီရောက်လာသည်။

ဒီကလေးမလေးကတော့ အမြဲကို ရယ်ပြုံးနေတာဘဲ။

"နေ့လည်စာ အခုမှ စားတာလား"

"အင်းဟုတ်တယ် စီနီယာရော သူငယ်ချင်းတွေ မပါဘူးလား"

"သူတို့ က ဒီနေ့ လုပ်စရာလေးရှိနေလို့တဲ့"

ဂျူဟျွန်း ထမင်းစားနှုန်းကို သိသိသာသာလျှော့ချလိုက်ကာ ဟင်းရည်ကိုသာ ဖြည်းညင်းစွာသောက်လိုက်သည်။

"စီနီယာဒီအပတ် ဘာလုပ်စရာရှိလဲ"

ကင်မ်ချီအဖတ်က ကြီးနေသဖြင့် ထိုကင်မ်ချီ အဖတ်ကို ဖြဲဖို့ တူတစ်ချောင်းနဲ့ အလုပ်ရှုပ်နေသော ဆူးလ်ဂီကို စီနီယာက အလိုက်တသိ
သူ့တူနဲ့ ကူပေးကာ အနေတော်အနေအထားဖြစ်နေပြီဖြစ်တဲ့ ကင်မ်ချီဖတ်ကိုပင် ဇွန်းပေါ် အလိုက်သင့် တင်ပေးလာသည်။

Memorable Moments From A Blank➪Where stories live. Discover now