5ᵘⁿⁱ➪

1K 160 4
                                    

•မလှမ်းမကမ်းက သက်ရှိဖြစ်တည်မှု•

ဆူးလ်ဂီက အာရုံနှစ်ခု ကွဲထွက်နေတဲ့ အချိန် ခဲခြစ်ရတာကို သဘောကျတယ်လို့ ပြောခဲ့ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။

ဒါပေမယ့်ပေါ့ ဆူးလ်ဂီ ဒီနေ့တော့ တစ်စုံတစ်ခုအပေါ်ဘဲ အာရုံရနေမိတယ်။

စာရွက်ဖြူကို ပေါင်ပေါ်တင်ကာမလှမ်း မကမ်းက သက်ရှိဖြစ်တည်မှုတစ်ခုရဲ့ အလှကို ချရေးနေမိသည်။

လေတဖြူးဖြူးတိုက်ခတ်နေမှုကြောင့် ပြတင်းပေါက်က အဖြူရောင်လိုက်ကာစတွေ တဖျတ်ဖျတ်လွင့်နေသည်။
အခန်းထဲမှာတော့ တီးတိုးသံ အချို့နဲ့ ကြိုးစား ပုံဆွဲနေကြတဲ့ ကလေးတွေ။သူတို့နောက်မှာတော့ ဆူးလ်ဂီလည်း ထိုနည်းတူစွာ။

နောက် အခန်းရဲ့ အလည်မှာတော့ ငြိမ်သက်စွာထိုင်နေတဲ့ စီနီယာ ။

ဆက်တိုက်ခတ်နေတဲ့ မျက်တောင် စိပ်စိပ်တွေရယ်။
နောက် သွေးကြောရေးရေးလေးထင်းနေတဲ့ ပါးပြင်ပေါ်ကို
လက်ချောင်တွေနဲ့ ခပ်ဖြည်းဖြည်းပွတ်သပ်လိုက်။
နေရခက်နေတာ ထင်ရှားနေသော်လည်း ဆူးလ်ဂီ ခပ်ပြုံးပြုံးပင်ကြည့်နေမိသည်။

ဆူးလ်ဂီ စိတ်နဲ့ ခန္ဓာ တစ်သားတည်း ပျော်၀င်သွားသလိုပါဘဲ။

ဘယ်ဂျူဟျွန်းလက်တွေကို ထိကိုင်မိတုန်းက ပန်းခင်းတစ်ခင်းလုံး ဆူးလ်ဂီ လက်ဖဝါးအောက် ၀ပ်တွားလာသလို ခံစားရတယ်။
နူးညံ့တယ် ကြီးမြတ်တယ် သဘောကျချစ်စရာကောင်းတယ်

ဆူးလ်ဂီ ဘယ်ဂျူဟျွန်းကို မြင်နေရတာကို သဘောကျတယ်။
သူက လှတယ်လေ အရာရာထက်။

-

"စီနီယာ ညီမတစ်ခုမေးလို့ရမလား"

"မေးလေ "

ဆူးလ်ဂီတို့နှစ်ယောက် အခု အဆောင်ပြန်တဲ့ ဘတ်စ်ကားပေါ်မှာ။
ပင်ပန်းလာတာမို့ ဆူးလ်ဂီ အိပ်ချင်နေပေမယ့် သိချင်စိတ်က တအားကြီးနေတယ်။
ဒါပေမယ့် အဲ့မေးခွန်းကို ဘယ်လိုစကားလုံးမျိုးနဲ့မေးရမလဲ သိမနေဘူး။

"နောက်မှမေးတော့မယ် အခုပင်ပန်းနေပြီ"

ဆူးလ်ဂီပြောပြောဆိုဆိုနဲ့ ပိုင်စိုးပိုင်နင်း ဘယ်ဂျူဟျွန်း ပုခုံးပေါ် ခေါင်းမှီချလိုက်သည်။
ဘယ်ဂျူဟျွန်း ပြန်ဖယ်မလား စိုးရိမ်ပေမယ့် စီနီယာမမ ဟာ
ဆူးလ်ဂီ နေရအဆင်ပြေအောင် သူ့ကိုယ်ကိုပင် သေချာမတ်ပေးလိုက်သေးသည်။

Memorable Moments From A Blank➪Where stories live. Discover now