•ဒဏ်ရာတွေ အရှင်းပျောက်မပျောက်သိရဖို့ ငါတို့ အားပါးတရ ရယ်မောကြည့်ဖို့လိုတယ်•
"ဆူးလ်ဂီ ဂန် နင်နေ့လည်က ဘာပြဿနာရှာလာတာလဲ"
စီနီယာက ဆူးလ်ဂီကို ခပ်ဖွဖွ လှည့်ကြည့်တာကို ခံစားမိတယ်။
စီနီယာဆောင်းဟာကတော့ သူမတို့နှစ်ယောက်ကို ပယ်ပယ်နယ်နယ် ဒေါသထွက်တော့မည့်ပုံ။"ဒီတိုင်း ညီမက နည်းနည်းလေး ပညာပြလိုက်တာ"
စီနီယာဆောင်းဟာက လူဆိုးပါ ဒါလေးပြောတာကို ခေါင်းကို မညှာမတာ လာခေါက်သည်။
"အီဟွန်းက နင်ပညာပြရမယ့် ကောင်မလို့လား ဆူးလ်ဂီရဲ့ ပြီးတော့ ဂျူဟျွန်း နင်ကရော ဘာလို့သူ့ကိုမထိန်းတာလဲ"
"အဲ့ကောင်က ဘာမို့လို့လဲ "
စီနီယာ့ဆီ ဦးတည်တော့မည့် စကားကို ဆူးလ်ဂီ ဖြတ်ပြောလိုက်သည်။
စီနီယာ့အပြစ်နည်းနည်းလေးမှ ပါမနေဘူးလေ ဆူးလ်ဂီ လုပ်ခဲ့တဲ့ ကိစ္စက"အဲ့ကောင်က ဘာကြီးမှဟုတ်မနေပေမယ့် ပတ်၀န်းကျင်အမြင်ရှိသေးတယ်လေ ဆူးလ်ဂီရယ်။နင်လုပ်တာ မှားတယ်လို့ ငါမပြောချင်ပေမယ့် တခြားသူတွေ အမြင်မှာကျ အဲ့လိုမဟုတ်ဘူးလေ"
"ဘာဖြစ်ဖြစ် ဖြစ်ပြီးသွားပြီဘဲကို စီနီယာဆောင်းဟာကလည်း လာပါ ညီမတို့ ရေခဲမုန့်သွားစားရအောင်"
စီနီယာဆောင်းဟာ လက်ကို ဆွဲဖက်ကာ အကျွမ်းကျင်ဆုံး ချစ်ဖို့ကောင်းမှုကို ထုတ်ပြလိုက်တော့ ဘယ်သူ ခံနိုင်ရိုးလဲ။
ဆူးလ်ဂီ စီနီယာကို မော့ကြည့်မိတော့ မော့ကြည့်တယ်ဆိုတာက စီနီယာက စာကြည့်စားပွဲမှာ ထိုင်နေတာမို့ပါ။ စီနီယာက သူ့ဆံပင်တွေကို စည်းနှောင်နေတယ်။
လှစ်ကနဲပေါ်လာတဲ့ လည်တိုင်ရှင်းရှင်းလေးကအစ အားစိုက်ထုတ်ထားရသဖြင့် သွေးကြောတွေ ထင်းကနဲဖြစ်သွားတဲ့ လက်ဖမိုး အဆုံး....
စီနီယာက ဆူးလ်ဂီ မြင်ဖူးသမျှ လူတွေအားလုံးထဲ ပြိုင်ဖက်မရှိ အလှဆုံးဖြစ်သည်။
အခွင့်သာရင် စီနီယာ့ ကျောပြင်ဘက်က ဖွက်ထားတဲ့ အတောင်တွေကို သွားရှာချင်မိတယ်။
YOU ARE READING
Memorable Moments From A Blank➪
Fanficဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ