•ဘယ်တော့မှ ထပ်မပြောဖြစ်တော့မယ့် စကားတွေ•
လမ်းမမှာ ကားတွေ ရှင်းနေသည်။
လေတိုက်ခတ်မှုကြောင့် သစ်ရွက်ကြွေတွေ ရွေ့လျားလာသံက အစ သဲကွဲနေသည်။
ဘေးနားက ဖြတ်သွားတဲ့ အတွဲတစ်တွဲ။
မကွာတဲ့ အကွာအဝေးက ဆူရှီဆိုင်ရဲ့ ဆိုင်းဘုတ် မီးအရောင်။တက္ကစီတားနေတဲ့ ဦးလေးတစ်ယောက်။
"ချစ်တယ် စီနီယာ"
"စီနီယာ့ကို ချစ်တယ်။ အရင်ကရော အခုရော နောင် အနာဂတ်တွေထိရော"-
ဆိုဖာအောက်မှာ ထိုင်ကာ တီဗီကို ဟိုလိုင်းပြောင်း ဒီလိုင်းပြောင်း လုပ်နေသူဟာ ဆူးလ်ဂီ။
အရှေ့က စားပွဲပေါ်က မုန့်ကို ယူစားရင်း သဘောကျတဲ့ရုပ်ရှင်လာနေတာတွေ့သဖြင့် လိုင်းမပြောင်းတော့ဘဲ ရီမုကို ဘေး ချထားလိုက်သည်။"အား ခေါင်းမူးတယ် ခေါင်းမူးတယ်"
မှီထားတဲ့ ဆိုဖာ အိကနဲကျသွားတာကို ခံစားမိသည်။အနောက်လှည့်ကြည့်တော့ စီနီယာက ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ် လှဲချထားသလို။
မှောက်ရက်လှဲနေပြီး လက်ချောင်းတွေကို ဆံပင်တွေထဲ ထိုးသွင်းကာ ခေါင်းမူးတယ် တသွင်သွင်အော်နေသဖြင့် မနေ့ညက မူးတာ အဆင်မပြေသေးဘူးထင်တယ်။မနေ့ည ဆိုမှ။
ဆူးလ်ဂီ မနေ့ညက စီနီယာ့ကို ဖွင့်ပြောခဲ့တာ။
စီနီယာ့ကို ချစ်ကြောင်းပြောခဲ့တာ။"ခေါင်းကိုက်နေတာလား"
"အင်း သောက်တာ အရမ်းများသွားလို့ထင်တယ် "
အားမရှိတဲ့ အသံနဲ့အနောက်ဘက်ကနေထွက်လာသည်။
ဆူးလ်ဂီ မုန့်စားနေရာမှ ရပ်ကာ ကိုယ်ကို နည်းနည်းစောင်းပြီး စီနီယာ့ ဆံပင်တွေကို ပွတ်သပ်ပေးတော့ မျက်လုံးတွေ မှိတ်ချထားသည် စီနီယာက။"မနေ့ညက ညီမလာကြိုတာကိုမှတ်မိလား စီနီယာ"
မျက်လုံးခဏ ဖွင့်လာပြီး ပြန်မှိတ်သွားသည်။
"အင်း မှတ်မိတယ်။ငါမင်းအပေါ် အန်တော့မချမိဘူးမလား ဆူးလ်ဂီ"
မျက်နှာပေါ်က ဆံပင်တွေကို သပ်တင်ပေးရင်း စီနီယာ့ ပါးကို လက်ညှိုးနဲ့ထိကြည့်မိသည်။
ချစ်ဖို့ကောင်းလိုက်တာ။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ