•ထပ်ပြီး..ထပ်ပြီး ငါက မကောင်းတဲ့သူ ဖြစ်လာမှာလား•စာမေးပွဲနီးလာပြီဖြစ်သည်။ဆူးလ်ဂီလည်း တစ်ရက်လုံး စာ စာ စာ ဆိုတာကို ခေါင်းထဲ အတင်းထည့်ထားနေရသည်။
"ဆူးလ်ဂီ"
အသံကြားကတည်းက ဘယ်သူဆိုတာ သိပြီးသားမို့ စာ လုပ်နေရင်းကနေ လက်သာ ထောင်ပြလိုက်သည်။
ဘေးခုံမှာ ၀င်ထိုင်လာပေမယ့် ဆူးလ်ဂီကတော့ လှည့်မကြည့်မိပါ။စီနီယာဟာ စကားနားထောင်တတ်သည့် ယုန်မလေးဖြစ်သည်။
အဲ့ရက်နောက်ပိုင်း တစ်ခါတစ်ရံ အခုလို ဆူးလ်ဂီကို မကြာခဏ ငေးကြည့်နေတတ်သည်။
ဆူးလ်ဂီကတော့ သူ့စိတ်ထဲထိ ၀င်ကြည့်ဖို့ မကြိုးစားမိပါ။
တစ်ချိန်ချိန်မှာတော့ သူကိုယ်တိုင် ဖွင့်ဟ ပြလာမှာဘဲ မလား။"စာမလုပ်ဘူးလား စီနီယာ။ငါ့ကိုဘဲ ကြည့်နေမှာလား"
ရှက်သွားပုံရတဲ့ စီနီယာဖြစ်သူဟာ ရှေ့က စာအုပ်ကို ကမန်းကတန်း ဟန်ပြလှန်ကြည့်သည်။
"ရုပ်ရှင်သွားကြည့်ကြမလား"
"ငါတို့လား"
"ဒါပေါ့ ညီမတို့နှစ်ယောက်လေ"
"ဒီနေ့တော့ မဟုတ်ဘူးမလား"
"ဒီနေ့ပေါ့ ဘာလဲ မအားဘူးလား"
"မဟုတ်ပါဘူး စာလုပ်ရမယ်လေ"
စာလုပ်ရမယ်လေ ဆိုတဲ့ အသံဟာ အတော်ကို ပျင်းရိဖွယ်ကောင်းစွာနဲ့ ထွက်လာသည်။စီနီယာ့ဘက် တစ်ချက်လှည့်ကြည့်တော့ ခုနက လှန်ကြည့်နေသည့် စာအုပ်ပေါ် ခေါင်းအုံးရင်း ပျင်းပျင်းရိရိနဲ့ သူမကို ကြည့်နေတယ်လေ။
"ဒီလိုရက်မျိုးမှာ ရုပ်ရှင်ကြည့်ရတာကမှ အရသာ ရှိတာလေ။ကြည့်မယ်မလား"
နှစ်ခါမေးလိုက်ရုံနဲ့ ရလာပါသည်။ခေါင်းညိတ်ပြလိုက်တော့ ဆူးလ်ဂီက ချက်ချင်း ဖုန်းကိုဖွင့်ကာ ရုပ်ရှင်လက်မှတ် ၀ယ်လေရဲ့။
-
အချိန်ကြာလာတာနဲ့အမျှ အချမ်းဓာတ်ပိုကဲလာတာမို့ ရေခဲရိုက်ထားတဲ့ ငါးသဖွယ် လှုပ်တောင်မလှုပ်နိုင်။
"ဘယ်ရောက်နေပြီလဲ။ငါစောင့်နေတာ"
"အာ ဟုတ်သား။ဆောရီး စီနီယာ ညီမ အခု ဆေးရုံရောက်နေတာ"
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ