Extra Clip: Moments Make Memories

2K 169 17
                                    

•MMM:Moments Make Memories•

First date

ချစ်သူဖြစ်ပြီး ပထမဆုံးကြုံတွေ့ရတာကတော့ ဒိတ်လုပ်တာပါဘဲ။
ခက်တယ် မဟုတ်လည်း နှစ်ဆယ့်လေးနာရီမှာ အိပ်ချိန်ကလွဲတွေ့နေရတာကို ဒိတ်လုပ်ဖို့ ဘေးချင်းကပ် အလှထိုင်ပြင်ခဲ့တာ နှစ်ယောက်လုံး။

ဘာရည်ရွယ်ချက်နဲ့လည်းတော့မသိဘူး။
ဘယ်လိုဖြစ်ဖြစ် first date ကတော့ ရောက်လာခဲ့ပြီဘဲကို။

"ညီမတို့ ဘာပြောကြမလဲ"

သေချာပေါက်ကြီးတော့ ရည်းစားဖြစ်ရင် ပြောတဲ့စကားတွေကွာခြားသွားတယ်ရယ်မဟုတ်ပေမယ့်။

"ဘာပြောကြမလဲ"

"အဲ့တာညီမက ဘယ်လိုလုပ်သိမှာလဲ။စီနီယာ ရည်းစားတွေဒီလောက်ထားခဲ့တာကို ညီမကို ပြန်မေးစရာလား"

"အံမယ် မင်းကကျ တစ်ခါမှ ရည်းစားမထားခဲ့ဘူးလို့လား"

"ထားတာက ထားခဲ့ပေမယ့် အဲ.."
ဆူးလ်ဂီရုတ်တရက် အန္တရာယ်ရှိလာသလိုခံစား ရတယ်။
စီနီယာ့မျက်ခုံးတွေက ပုံမှန်ထက် ပိုတွန့်ချိုးလာသည်လေ။

"ထားခဲ့ပေမယ့် ဘာဖြစ်လဲ ပြောပါအုံး"
စားပွဲပေါ် လက်တွေပါထောက်လာရင်း ကျကျနနမေးလာသည်။

မဟုတ်သေးပါဘူး သူကျ ဆူးလ်ဂီအသက်ထက် နှစ်ဆလောက်များတဲ့ရည်းစားတွေထားခဲ့ပြီးတော့ ဆူးလ်ဂီကိုဘာလို့ ဒေါသထွက်ချင်နေရတာလဲ။

"ထားခဲ့ပေမယ့် ဘာမှ အတွေ့အကြုံမရှိလိုက်ဘူး အဲ့လိုပြောတာပါ"

"ကြုံတုန်း မေးစမ်းပါအုံးမယ်။မင်းဘယ်နှယောက် ထားခဲ့ဖူးလဲ"

ကြုံလို့မေးတဲ့ပုံနဲ့မှ မတူနေတာ။ဘယ်ဂျူဟျွန်း အကွက်ထဲကျသွားလို့ မဖြစ်ဘူး။သတိထား ဆူးလ်ဂီ သတိထား ဒါfirst date.

"တစ်ယောက်ထဲပါ ဒါပေမယ့် သူနဲ့အခုမှ first date လုပ်နေတုန်းဘဲရှိသေးတာ"

စကားလမ်းကြောင်းကို နားလည်သွားတဲ့စီနီယာ့မျက်လုံးတွေ ဖြည်းဖြည်းချင်း ကျဉ်းလာသည်
စီနီယာ ရှက်ရင်သိပ်ချစ်ဖို့ကောင်းတာ။
တကယ် သိမ်းထားချင်စရာလေး။ဆူးလ်ဂီကတော့ သိမ်းထားစရာမလိုပါဘူး လူကိုပိုင်နေပြီဘဲကို

Memorable Moments From A Blank➪Where stories live. Discover now